တိုင်ဖွန်းမုန်တိုင်း
မြောက်ကမ္ဘာလုံးခြမ်းရှိမုန်တိုင်းတစ်မျိုး / From Wikipedia, the free encyclopedia
တိုင်ဖွန်းမုန်တိုင်း သည် အပူပိုင်းမုန်တိုင်းတစ်မျိုးဖြစ်ပြီး မြောက်ကမ္ဘာလုံးခြမ်းရှိ အရှေ့လောင်ဂျီကျူ ၁၈၀° မှ ၁၀၀° ကြားတွင် ဖြစ်ပေါ်လေ့ရှိသည်။ ထိုဒေသကို အနောက်မြောက် ပစိဖိတ် ရေနက်ပိုင်းဒေသဟု ရည်ညွှန်းကြပြီး[1] နှစ်စဉ် ဖြစ်ပေါ်နေသော ကမ္ဘာပေါ်ရှိ အပူပိုင်းမုန်တိုင်းများအနက် သုံးပုံတစ်ပုံနီးပါး ဖြစ်ပေါ်ရာ ဒေသဖြစ်သည်။