တရုတ်သမ္မတနိုင်ငံ၏ အမျိုးသားနေ့
တရုတ်သမ္မတနိုင်ငံ၏ အားလပ်ရက် / From Wikipedia, the free encyclopedia
တရုတ်သမ္မတနိုင်ငံအမျိုးသားနေ့ သို့မဟုတ် ထိုင်ဝမ်အမျိုးသားနေ့[3]သည် တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) တွင် နှစ်စဉ် အောက်တိုဘာလ ၁၀ ရက်နေ့တွင်ကျင်းပသော နေ့ထူးတစ်နေ့ဖြစ်ပြီး ၁၀-၁၀ နေ့ (Double Ten Day သို့မဟုတ် Double Tenth Day) ဟူ၍လည်းခေါ်ဆိုကြသည်။ ထိုနေ့သည် ၁၉၁၁ အောက်တိုဘာ ၁၀ ရက်နေ့၌ဖြစ်ပွားခဲ့သော ဝူချန်းအရေးတော်ပုံမှသည် နောက်ဆုံး၌ ချင်းမင်းဆက်ပြိုကွဲကာ တရုတ်ပြည်ကို သမ္မတနိုင်ငံအဖြစ် ၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် တည်ထောင်နိုင်ခဲ့ခြင်း၏ အထိမ်းအမှတ်ဖြစ်သည်။[4]
တရုတ်သမ္မတနိုင်ငံအမျိုးသားနေ့ ထိုင်ဝမ်အမျိုးသားနေ့ | |
---|---|
အားလပ်ရက်အတွင်း တွေ့ရလေ့ရှိသော 十 ('တစ်ဆယ်') စာလုံးနှစ်လုံးပေါင်းစည်းထားပုံ | |
အခြားနာမည် | ၁၀-၁၀ နေ့၊ ရှန်ဟိုက်တော်လှန်ရေး နှစ်ပတ်လည်နေ့ |
ကျင်းပသည့်နိုင်ငံ | ထိုင်ဝမ် (အမျိုးသားနေ့) တရုတ် (ရှန်ဟိုက်တော်လှန်ရေး နှစ်ပတ်လည်နေ့) |
အမျိုးအစား | သမိုင်း၊ ယဉ်ကျေးမှု၊ အမျိုးသားရေး |
ပွဲတော်များ | ပွဲတော်များ |
နေ့ရက် | ၁၀ အောက်တိုဘာ |
အကြိမ် | နှစ်စဉ် |
တရုတ်သမ္မတနိုင်ငံ၏ အမျိုးသားနေ့ | |||||||||||||
ရိုးရာ တရုတ် | 國慶日[1] | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 国庆日 | ||||||||||||
| |||||||||||||
၁၀-၁၀ နေ့[2] | |||||||||||||
ရိုးရာ တရုတ် | 雙十節 | ||||||||||||
ရိုးရှင်းသော တရုတ် | 双十节 | ||||||||||||
|
၁၉၄၉ ခုနှစ်မတိုင်မီ တရုတ်ပြည်မကြီး၌ အမျိုးသားနေ့ကို သမ္မတနိုင်ငံခေတ်ကာလတစ်လျှောက် ကျင်းပခဲ့သည်။ တရုတ်ပြည်တွင်းစစ်အပြီး ၁၉၄၉ တွင် တရုတ်သမ္မတနိုင်ငံအစိုးရသည် ထိုင်ဝမ်ကျွန်းသို့ တိမ်းရှောင်ခဲ့ရသည်။ ယခုအခါထိုအမျိုးသားနေ့ကို တရုတ်သမ္မတနိုင်ငံ၏ ထိန်းချုပ်နယ်မြေအားလုံးတွင် အဓိကကျင်းပလေ့ရှိသော်လည်း နိုင်ငံရပ်ခြားရှိ တရုတ်အသိုင်းအဝိုင်းများစွာမှလည်း ကျင်းပလေ့ရှိသည်။ စစ်နိုင်ကွန်မြူနစ်များ တည်ထောင်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်မူ ထိုနေ့ကို ရှန်ဟိုက်တော်လှန်ရေး နှစ်ပတ်လည်နေ့အဖြစ် ဆက်လက်သတ်မှတ်ထားသော်လည်း အများပြည်သူရုံးပိတ်ရက်အဖြစ် မသတ်မှတ်ထားပေ။