တရုတ်နှစ်ပြည်
နိုင်ငံနှစ်နိုင်ငံအား "တရုတ်" ဟုခေါ်ဆိုခြင်း / From Wikipedia, the free encyclopedia
တရုတ်နှစ်ပြည် ဟူသည် နိုင်ငံနှစ်နိုင်ငံမှ မိမိကိုယ်ကို "တရုတ်" (ရိုးရှင်းတရုတ်: 中国; ရိုးရာတရုတ်: 中國; ပင်ယင်: Zhōngguó) ဟူ၍ခေါ်ဆိုခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။[1][2] ထိုတရုတ်နှစ်နိုင်ငံမှာ–
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ၊ အင်္ဂလိပ်: People's Republic of China (PRC)၊ တရုတ်: 中华人民共和国; ပင်ယင်: Zhōnghuá Rénmín Gònghéguó)၊ ယခုအခါ "တရုတ်" ဟုအများကခေါ်ဆိုကြသည်။ ၁၉၄၉ တွင် တည်ထောင်ခဲ့ပြီး တရုတ်ပြည်မအပါအဝင် ဟောင်ကောင်နှင့် မကာအိုဒေသများကို အုပ်ချုပ်လျက်ရှိသည်။
- တရုတ်သမ္မတနိုင်ငံ (အာအိုစီ၊ အင်္ဂလိပ်: Republic of China (ROC)၊ တရုတ်: 中華民國; ပင်ယင်: Zhōnghuá Mínguó)၊ ယခုအခါ "ထိုင်ဝမ်" ဟုအများကခေါ်ဆိုကြသော်လည်း မူလက "တရုတ်" ဟူ၍သာခေါ်ဆိုခဲ့ကြသည်။ ၁၉၁၂ တွင် တည်ထောင်ခဲ့ပြီး တရုတ်ပြည်မကို ၁၉၄၉ အထိ အုပ်ချုပ်ခဲ့သည်။ ၁၉၄၉ တွင် ကွန်မြူနစ်တို့ကို စစ်ရှုံးခဲ့၍ ထိုင်ဝမ်ကျွန်းသို့တိမ်းရှောင်ခဲ့ရသည်။ ၁၉၇၁ တွင် ကုလသမဂ္ဂ၌ "တရုတ်နိုင်ငံ" ကို ကိုယ်စားပြုခွင့် ဆုံးရှုံးခဲ့ရသည်။
အချက်တိုများ ရိုးရာ တရုတ်, ရိုးရှင်းသော တရုတ် ...
တရုတ်နှစ်ပြည် | |||||||||||||
တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) (ခရမ်း) နှင့် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) (လိမ္မော်)။ ကျွန်းငယ်များ၏ အရွယ်အစားကို မြင်သာစေရန် ပုံကြီးချဲ့ပေးထားသည်။ | |||||||||||||
ရိုးရာ တရုတ် | 兩個中國 | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 两个中国 | ||||||||||||
|
ပိတ်ရန်