တနကန်
From Wikipedia, the free encyclopedia
တနကန် သည် အီသီယိုပီးယားနိုင်ငံတွင် တည်ရှိသည့် အကြီးဆုံးကန်တစ်ခု ဖြစ်သည်။ ဤမြစ်သည် အပြာရောင်နိုင်းမြစ် (Blue Nile) မှ ဖြစ်ပေါ်လာသည်။ ကန်၏ အရှည်သည် ခန့်မှန်းခြေ ၈၄ ကီလိုမီတာ (၅၂ မိုင်)၊ အကျယ် ၆၆ ကီလိုမီတာ (၄၁ မိုင်)၊ အမြင့်ဆုံးအနက်သည် ၁၅ မီတာ (၄၉ ပေ) ရှိသည်။ [1]ကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၇၈၈ မီတာ (၅၈၆၆ ပေ) အမြင့်တွင် တည်ရှိသည်။ [2] Gilgel Abay, Reb နှင့် Gumara စသည့်မြစ်များမှ ရေများသည် တနကန်အတွင်းသို့ စီးဝင်ကြသည်။ ကန်၏ မျက်နှာပြင်ဧရိယာသည် ရာသီအလိုက်မိုးရွာသွန်းမှုအပေါ်မူတည်ကာ စတုရန်းကီလိုမီတာ ၃၀၀၀ မှ ၃၅၀၀ အထိ (စတုရန်းမိုင် ၁၂၀၀ မှ ၁၄၀၀ အထိ) ရှိသည်။
အချက်တိုများ တနကန်, တည်နေရာ ...
တနကန် | |
---|---|
Lake Tana from space (April 1991). | |
တည်နေရာ | East Africa |
ကိုဩဒိနိတ် | 12°0′N 37°15′E |
ပင်မ ရေဝင်စီးကြောင်း | Gilgel Abay, Kilti River, Magech River, Reb River, Gumara River |
ပင်မ ရေထွက်စီးကြောင်း | Blue Nile |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | အီသီယိုပီးယားနိုင်ငံ |
အကျယ်ဆုံး အလျား | ၈၄ km (၅၂ mi) |
အကျယ်ဆုံး အနံ | ၆၆ km (၄၁ mi) |
မျက်နှာပြင် ဧရိယာ | ၃,၂၀၀ km2 (၁,၂၀၀ sq mi) |
အနက်ဆုံး အနက်အရှိုင်း | ၁၅ m (၄၉ ft) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁,၇၈၈ m (၅,၈၆၆ ft) |
ကျွန်းများ | The most important are Tana Qirqos, Daga Island, Dek Island, and Mitraha |
အနီးရှိမြို့များ | Bahir Dar, Gorgora |
ပိတ်ရန်
၂၀၁၅ ခုနှစ်တွင် တနကန်ရှိရာဒေသကို UNESCO Biosphere Reserve ဒေသတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။[3]