ဇီးကွက်
ငှက် မျိုးစဉ်တစ်ခု / From Wikipedia, the free encyclopedia
ဇီးကွက်များသည် စတြစ်ဂျီဖောမိစ်-မျိုးစဉ်၌ ပါဝင်သော မျိုးစိတ်ပေါင်း ၂၀၀ ကျော်မှ ငှက်များဖြစ်သည်။ ဇီးကွက်များတွင် ခန္ဓာကိုယ် တည့်မတ်စွာရပ်နိုင်ခြင်း၊ ကြီးမားကျယ်ပြန့်သော ဦးခေါင်းရှိခြင်း၊ မှန်ဘီလူးဖြင့် ချဲ့၍မြင်ရသကဲ့သို့သော စူးရှကောင်းမွန်သည့် အမြင်အာရုံရှိခြင်း၊ ဒွိသဘာဝရှိသည့် အကြားအာရုံပါရှိခြင်း၊ ချွန်ထက်သည့် ခြေသည်း (သို့) အတက်များပါသော ခြေချောင်းများရှိခြင်းနှင့် တိတ်ဆိတ်စွာ ပျံသန်းရန် လိုက်လျောညီထွေရှိသော အမွှေးများဖြင့်ဖွဲ့စည်းထားသည့် တောင်ပံများပါရှိခြင်း၊ တစ်ကောင်တည်း ထီးတည်းနေလေ့ရှိခြင်း အစရှိသည့် သွင်ပြင်လက္ခဏာများပါရှိသော သားရဲညဉ့်ငှက်များ ဖြစ်သည်။ ညဉ့်ငှက်များဟု ဆိုရာတွင် နေ့အချိန် ကျက်စားသော မြောက်ပိုင်းဒေသမှ သိမ်းဇီးကွက်နှင့် လူသိများသော မြေအောင်းဇီးကွက်တို့မှာ ချွင်းချက်ဖြစ်သည်။
ဇီးကွက် | |
---|---|
ဝဲ - စတြစ်ဂျီဒီး မျိုးရင်း။ Tawny owl (Strix aluco), Eurasian eagle-owl (Bubo bubo), Little owl (Athene noctua), Northern saw-whet owl (Aegolius acadicus);
ယာ - တိုက်တွန်နစ်ဒီး မျိုးရင်း။ Barn owl (Tyto alba), Lesser sooty owl (Tyto multipunctata), Tasmanian masked owl (Tyto novaehollandiae castanops), Sri Lanka bay owl (Phodilus assimilis)။ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
Clade: | Telluraves |
မျိုးစဉ်: | Strigiformes Wagler, 1830 |
မျိုးရင်းများ | |
စတြစ်ဂျီဒီး | |
ဇီးကွက် မျိုးစိတ်များ ကျက်စားရာ ဒေသ | |
Synonyms | |
Strigidae sensu Sibley & Ahlquist |
အများအားဖြင့် ဇီးကွက်များသည် နို့တိုက်သတ္တဝါငယ်များ၊ အင်းဆက်များနှင့် အခြားငှက်များကို အမဲလိုက်လေ့ရှိသည်။ သို့ရာတွင် အချို့မျိုးစိတ်များသည် ငါးကိုအမဲလိုက်ရာ၌ အထူးကျွမ်းကျင်ကြသည်။ သူတို့ကို ဝင်ရိုးစွန်းရေခဲဒေသများနှင့် အချို့သော ဝေးလံသည့်ကျွန်းများ မှလွဲလျှင် ကမ္ဘာဒေသအားလုံး၌ တွေ့ရှိနိုင်သည်။
ဇီးကွက်များ၏ မူလဇာစ်မြစ် တူညီစွာ ဆင်းသက်လာမှုနှင့် မျိုးရိုးဗီဇဆက်နွယ်မှုစသည့် သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားမှုများအပေါ် မူတည်ကာ စတြစ်ဂျီဒီ-မျိုးရင်း (Strigidae) နှင့် တိုက်တွန်းနစ်ဒီး-မျိုးရင်း (Tytonidae) ဟူ၍ မျိုးရင်း(၂)ခု ခွဲခြားထားသည်။
ဇီးကွက် အစုအဖွဲ့တစ်ခုကို "ပါလီမန် (parliament)" ဟုခေါ်ကြသည်။[1]