ဆောဖလိုင်းပိုးကောင်
အင်းဆက်မျိုးစဉ်ခွဲ / From Wikipedia, the free encyclopedia
ဆောဖလိုင်းပိုးကောင် (Sawfly) သည် ပုရွက်ဆိတ်၊ ပျား၊ နကျယ်ကောင်တို့နှင့်အတူ ‘ဟိုင်မင်နော့တာရာ’ မျိုးစဉ်ထဲတွင် ပါဝင်သည်။ ခူ ဘဝမှ တဆင့်ကြီးရသော အကောင်မျိုးဖြစ်သည်။ ပုရွက်ဆိတ်၊ ပျား၊ နကျယ်ကောင်တို့ကဲ့သို့ ခါးမသေးပေ။ ယင်း၌ အလင်းပေါက်သော အတောင်ပံ ၄ ခုရှိသည်။ အတောင်ပံများတွင် ထူးခြားသော အမှတ်အသားများမပါချေ။ ဥအုသောအင်္ဂါတွင် လွှသွားကဲ့သို့ထက်သော အစိတ်အပိုင်းများရှိသည်။ ထိုအစိတ်အပိုင်းဖြင့် သစ်ရွက်၊ ပင်စည်တို့တွင် ရှရာပေး၍ ဥများကိုထည့်ထားတတ်သည်။ ၎င်းပိုးကောင်များသည် သစ်ပင်၊ ချုံပင်တို့ကို အကြီးအကျယ်ဖျက်ဆီးတတ်သည်။ ယင်းတို့ကို အနောက်နိုင်ငံများတွင်တွေ့ရသည်။[2]
အချက်တိုများ မျိုးရိုးခွဲခြားခြင်း, မျိုးရင်းကြီးများ ...
ဆောဖလိုင်းပိုးကောင် (Sawfly) Temporal range: Triassic–Present | |
---|---|
Tenthredo mesomela | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Arthropoda |
မျိုးပေါင်း: | Insecta |
မျိုးစဉ်: | Hymenoptera |
မျိုးစဉ်သေး: | Symphyta Gerstäcker, 1867[1] |
မျိုးရင်းကြီးများ | |
ပိတ်ရန်