ဆီလန်နိုင်ငံ
မိမိဘာသာနိုင်ငံဟု ဖော်ထုတ်ကြေညာထားသော ဗြိတိသျှရေပိုင်နက်အတွင်း ကမ်းလွန်ပလက်ဖောင်း / From Wikipedia, the free encyclopedia
ဆီလန်နယ် (အင်္ဂလိပ်: Principality of Sealand; /ˈsiːˌlænd/) သည် အင်္ဂလန်နိုင်ငံ၊ ဆာ့ဖစ်ကမ်းရိုးတန်းမှ တစ်ဆယ့်နှစ် ကီလိုမီတာ (၆ ၁⁄၂ ရေမိုင်) အကွာခန့်၊[3] မြောက်ပင်လယ်အတွင်းတည်ရှိသော အသိအမှတ်မပြုထားသည့်၊ နိုင်ငံဟု ကိုယ်တိုင်ထုတ်ဖော်ကြေညာထားသည့် (Roughs Tower ဟု သိကြသော) HM Fort Roughs ကမ်းလွန်ပလက်ဖောင်းတစ်ခုဖြစ်သည်။[5] Roughs Tower သည် ဒုတိယကမ္ဘာစစ်အတွင်းက အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် ဗြိတိသျှတို့ တည်ဆောက်ခဲ့သော ပင်လယ်ခံတပ်တစ်ခု ဖြစ်သည်။ ၁၉၆၇ ခုနှစ်မှစ၍ အသုံးမပြုတော့သော Roughs Tower အား ပတ်ဒီ ရွိုင် ဘိတ် နှင့် မိသားစုတို့က ဝင်ရောက်နေထိုင်ကာ အချုပ်အခြာပိုင် နိုင်ငံအဖြစ် ကြေညာခဲ့သည်။ ဘိတ်သည် ၁၉၆၇ ခုနှစ်တွင် လိုင်စင်မဲ့ ရေဒီယိုထုတ်လွှင့်သည့် အုပ်စုတစ်ခုထံမှ Roughs Tower ကို သိမ်းပိုက်ခဲ့ကာ ကိုယ်ပိုင်စခန်းအဖြစ် အသုံးချရန် ကြံစည်ခဲ့သည်။ ဆီလန်အား ၁၉၇၈ ခုနှစ်တွင် ကြေးစားစစ်သားများက ကျူးကျော်ခဲ့သော်လည်း တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သည်။ ယူနိုက်တက်ကင်းဒမ်းသည် ယင်း၏ ရေပိုက်နက်ကို ရေမိုင် ၁၂ မိုင်အထိ တိုးချဲ့ခဲ့သည့် ၁၉၈၇ ခုနှစ်မှစ၍ အဆိုပါပလက်ဖောင်းသည် ဗြိတိသျှပိုင်နက်အတွင်း ကျရောက်ခဲ့သည်။
Principality of Sealand Micronation | |
---|---|
နိုင်ငံတော် သီချင်း: "From the sea, Freedom" | |
ဆီလန်အား ကောင်းကင်မှ မြင်တွေ့ရပုံ (၁၉၉၉) | |
ဖွဲ့စည်းပုံ | စည်းမျဉ်းခံဘုရင်စနစ်[2] |
တည်ထောင် | |
• ကြေညာ | ၂ စက်တင်ဘာ ၁၉၆၇; ၅၆ နှစ် အကြာက (၁၉၆၇-၀၉-02)[3] |
ပိုင်ဆိုင်သည်ဟုဆိုသော ဧရိယာ | |
• စုစုပေါင်း | ၀.၀၀၄ km2 (၀.၀၀၁၅ sq mi) (approx. 1 acre) |
လူဦးရေ | |
• ခန့်မှန်း | ၂ (၂၀၁၅)[4] |
Purported currency | ဆီလန်ဒေါ်လာ |
ဝက်ဘ်ဆိုဒ် sealandgov.org |