ဆိုင်မွန်ဒီ ဗျူးဗွား
From Wikipedia, the free encyclopedia
ဆီမုန်း လူစီ အားနက်စတင်း မာရီ ဘားထျန် ဒီဗိုးဗွား (အင်္ဂလိပ်: Simone Lucie Ernestine Marie Bertrand de Beauvoir; UK: /də ˈboʊvwɑːr/, US: /də boʊˈvwɑːr/,[2][3] ပြင်သစ်: [simɔn də bovwaʁ] ( နားဆင်); ၉ ဇန်နဝါရီ ၁၉၀၈ – ၁၄ ဧပြီ ၁၉၈၆) သည် ပြင်သစ်လူမျိုးစာရေးဆရာ၊ ပညာတတ်၊ ဖြစ်တည်မှုဒဿနိကဝါဒီ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ၊ အမျိုးသမီးဝါဒီ နှင့် လူမှုရေးသီအိုရီသမား တစ်ဦးဖြစ်သည်။ ကိုယ်တိုင်က ဒဿနိကသမားတစ်ဦးဟု ခံယူခြင်းမရှိသော်လည်း အမျိုးသမီးဖြစ်တည်မှုဝါဒ နှင့် အမျိုးသမီးဝါဒသီအိုရီများအပေါ် သိသာထင်ရှားစွာ လွှမ်းမိုးမှုရှိခဲ့သည်။[4]
ဆိုင်မွန်ဒီ ဗျူးဗွား Simone de Beauvoir | |
---|---|
ဆိုင်မွန်ဒီ ဗျူးဗွား (၁၉၆၇) | |
မွေးဖွား | Simone Lucie Ernestine Marie Bertrand de Beauvoir (1908-01-09)၉ ဇန်နဝါရီ၊ ၁၉၀၈ ပါရီမြို့၊ ပြင်သစ်နိုင်ငံ |
ကွယ်လွန် | ၁၄ ဧပြီ၊ ၁၉၈၆(1986-04-14) (အသက် ၇၈) ပါရီမြို့၊ ပြင်သစ်နိုင်ငံ |
မိခင်ကျောင်း | ပါရီတက္ကသိုလ် (B.A., M.A.) |
ခေတ် | ၂၀ ရာစု ဒဿနိကဗေဒ |
ဒေသ | အနောက်တိုင်းဒဿနိကဗေဒ |
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school) |
|
အဓိက စိတ်ဝင်စားရာ |
|
မှတ်သားလောက်သည့် အတွေးအကြံ |
|
သူ့အပေါ်ဩဇာလွှမ်းမိုးမှုများ
| |
သူ၏ဩဇာလွှမ်းမိုးခံ
| |
လက်မှတ် | |
ဝတ္တုများ၊ အက်ဆေးများ၊ အတ္ထုပတ္တိများ၊ ကိုယ်ရေးအတ္ထုပတ္တိများ၊ ဒဿနိက နိုင်ငံရေး နှင့် လူမှုရေး အရေးကိစ္စများ နှင့်ပတ်သက်သော စာတမ်းများကို ဒီဗိုးဗွါးက ရေးသားခဲ့သည်။ ၎င်း၏ ၁၉၄၉ ခုနှစ်ထုတ် အမျိုးသမီးများအပေါ်ဖိနှိပ်မှုနှင့် ခေတ်ပေါ်အမျိုးသမီးဝါဒတို့အား အနုစိတ်ခွဲခြမ်းစိတ်ဖြာသုံးသပ်ထားသော စာတမ်း ဒုတိယတန်းစားလိင် အပြင် She Came to Stay နှင့် မန်ဒရင်းများ အပါအဝင် ဝတ္တုများ အစွဲပြု၍ လူသိများထင်ရှားသည်။ ပြင်သစ်လူမျိုး ဒဿနိကပညာရှင် ယန်းပေါလ်ဆာ့တ် နှင့် သက်ဆုံးတိုင်ဆက်နွယ်မှုကြောင့်လည်း လူသိများသည်။