ဆိုင်ကလုံးမုန်တိုင်း
From Wikipedia, the free encyclopedia
ဆိုင်ကလုန်းမုန်တိုင်း (cyclone) သည် မိုးလေဝသနှင့် ဇလဗေဒ ပညာရပ်အရ ပိတ်ထားသော ဧရိယာတစ်ခုအတွင်းတွင် စက်ဝိုင်းသဏ္ဌာန် အရည်လှုပ်ရှားမှုသည် ကမ္ဘာမြေကြီးလည်ပတ်သည့် အရပ်ဘက်သို့ ဦးတည်လည်ပတ်ခြင်းဖြစ်သည်။ ဤအရာသည် အတွင်းဘက်သို့ ဝဲကတော့ပုံ လှည့်လည်နေသည့် လေများဖြင့် အသွင်အပြင် ခွဲခြားဖော်ပြလေ့ရှိပြီး မြောက်ကမ္ဘာလုံးခြမ်းတွင် နာရီလက်တံ ပြောင်းပြန်လည်သကဲ့သို့ လည်၍ တောင်ကမ္ဘာလုံးခြမ်းတွင် နာရီလက်တံအတိုင်း လည်သည်။ များသောအားဖြင့် ကြီးမားသော ဆိုင်ကလုန်းလှည့်ပတ်မှုများသည် လေဖိအားနည်း ရပ်ဝန်းဒေသများကို ဗဟိုပြုသည်။ အကြီးမားဆုံးသော လေဖိအားနည်း ရပ်ဝန်း စနစ်များသည် အကြီးစားစကေးပေါ်တွင် တည်ရှိသော လေအေးထု ပါဝင်သော ဆိုင်ကလုန်းများနှင့် အပူလွန်ဒေသ မုန်တိုင်းများ ဖြစ်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ အပိုင်းတစ်ခုဖြစ်သည့် ရာသီ | |
ဥတုလေးပါး ပြက္ခဒိန် | |
---|---|
နွေဦး ၊ နွေဥတု | |
ခြောက်သွေ့ ရာသီ ၊ စိုစွတ် ရာသီ | |
မုန်တိုင်းများ | |
ထစ်ချုန်း လေနီကြမ်း ၊ Supercell | |
မိုးဖွဲရွာခြင်း ၊ မိုးရွာခြင်း ၊ နှင်းကျခြင်း ၊ နှင်းသီးကြွေခြင်း | |
ခေါင်းစဉ်များ | |
မိုးလေဝသ၊ ရာသီဥတုလေ့လာခြင်းအတတ် ၊ ရာသီဥတု | |
ရာသီ ပေါ်တယ်လ် | |
လေနွေးထု ပါဝင်သော ဆိုင်ကလုန်းများဖြစ်သည့် အပူပိုင်းဒေသ မုန်တိုင်းများ၊ အလယ်အလတ် ပြင်းအားရှိ မုန်တိုင်းများနှင့် လေဖိအားနည်းရပ်ဝန်းတို့သည် ပို၍သေးငယ်သော အလယ်အလတ်စကေး အတွင်းတွင် တည်ရှိသည်။ အပူလျော့ပိုင်း မုန်တိုင်းများသည် အလယ်အလတ်အရွယ် အစားဖြစ်သည်။ အပေါ်ပိုင်းအလွှာ မုန်တိုင်းများသည် မျက်နှာပြင်အနိမ့်တစ်ခုမရှိဘဲ တည်ရှိနေနိုင်ပြီး မြောက်ကမ္ဘာလုံးခြမ်း၏ နွေလများအတွင်းတွင် အပူပိုင်းဒေသ ကမ္ဘာ့လေထု အနိမ့်ဆုံးအလွှာ အပေါ်ပိုင်း လေဖိအားများရပ်ဝန်း နှစ်ခုကြားရှိ လေဖိအားနည်းရပ်ဝန်း၏ အောက်ခြေမှ တိုက်ခတ်နိုင်သည်။ ဆိုင်ကလုန်းများကို ကမ္ဘာမြေကြီး (Earth) အပြင်ဘက်ရှိ အခြားဂြိုဟ်များဖြစ်သော အင်္ဂါဂြိုဟ် (Mars) နှင့် နက်ပကျွန်းဂြိုဟ် (Neptune) တို့တွင်လည်း တွေ့နိုင်သည်။
လေထု၏ဖိအား (တစ်နည်းအားဖြင့် လေထု၏အလေးချိန်) သည် တစ်နေရာနှင့် တစ်နေရာမတူချေ။ တစ်နေရာတည်း၌ပင် တစ်နာရီနှင့် တစ်နာရီ၊ ယနေ့နှင့် နက်ဖြန်၊ ဤလနှင့် နောက် လမတူချေ။ ဖိအားများ လိုက်နည်းလိုက်ရှိသည်။ တစ်နည်းအား ဖြင့် လေထုသည် ပါးလိုက်ထူလိုက်၊ လေးလိုက် ပေါ့လိုက်ရှိ ၏။ လေထုပေါ့ပါးရာ အရပ်ကို ဆိုင်ကလုန်း(ဝါ) ဖိအားနည်း ဧရိယာဟူ၍လည်းကောင်း၊ လေးလံသောအရပ်ကို အန်တီဆိုင်ကလုန်းဟူ၍ လည်းကောင်း ယေဘုယျအားဖြင့် ခေါ်ဝေါ်၏။ ရာသီအလိုက်ဖြစ်ပေါ်နေ သည့် ကျယ်ဝန်းသော ပေါ့ပါးရာအရပ်အဝန်းလုံးကို ဖိအားနည်း ဧရိယာဟူ၍လည်းကောင်း၊ လေပေါ့ဧရိယာဟူ၍လည်းကောင်း သိပ္ပံနည်းဖြင့် ခေါ် ဝေါ်၏။
ဖိအားနည်းဧရိယာကို အကျယ်အားဖြင့် နှစ်မျိုးနှစ်စား ခွဲ၍ ခေါ်ဝေါ်၏။ သမပိုင်းဒေသ၌ ဖြစ်ပေါ်သော လေထုပေါ့ ပါးရာအရပ်ကို လေချိုင့်တိမ်ဟူ၍လည်းကောင်း၊ အပူပိုင်း၌ဖြစ်ပေါ်သော လေထုပေါ့ပါးရာအရပ်ကို အပူပိုင်း လေချိုင့်တိမ်ဟူ၍လည်းကောင်း သိပ္ပံ နည်းဖြင့် ခေါ်ဝေါ်၏။ တစ်နည်းအားဖြင့် လေထုပေါ့ပါးနေခြင်း ကြောင့် တိုက်ခတ်လာသော လေအဟုန်၏ ပြင်းထန်မှုပေါ်၌ အမှီပြု၍ ခေါ်ဝေါ်ခြင်းမျှသာ ဖြစ်၏။ အရပ်သုံးစကားဖြင့် ပေါ့ပါးရာ အရပ်သို့တိုက်လာသော လေ၏အဟုန်သည် ပြင်း ထန်မှုမရှိသေးသမျှ လေထုပေါ့ပါးရာရပ်ဟူ၍လည်းကောင်း၊ ပျက်စီး ချို့ယွင်းလောက်အောင် ပြင်းထန်စွာတိုက်ခတ်လျှင် လေပြင်း မုန်တိုင်းဟူ၍လည်းကောင်း ခေါ်ဝေါ်၏။ ထို့ကြောင့် သမပိုင်းဒေသ၌ ဖြစ်ပေါ်နေသော ပေါ့ပါးရပ်၌ လေသည် သာမန်အားဖြင့် ပျက်စီးလောက်အောင် ပြင်းထန် ခြင်းမရှိ၊ အပူပိုင်းဒေသ၌ ဖြစ်ပေါ်က အများအားဖြင့် ပျက်စီးလောက်အောင် ပြင်းထန်စွာ တိုက်ခတ်တတ်သည်ဟု သိအပ်သည်။
အပူပိုင်းဒေသများ၌ ဖြစ်ပေါ်လေ့ရှိသော လေပြင်းမုန်တိုင်း ကြီးများကို အောက်ပါအတိုင်း အမျိုးမျိုး ခေါ်ဝေါ်လေ့ရှိကြ၏။
(၁) မက္ကဆီကို ပင်လယ်ကွေ့၊ အနောက်အိန္ဒိယကျွန်း
တစ်ဝိုက်၊ မြောက်အမေရိကတိုက် ဖလော်ရီဒါကမ်းခြေ
တစ်ဝိုက်တို့၌ ဟာရီကိန်း၊
(၂) အာရေဗျပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်း၊
(၃) တရုတ်ပင်လယ်နှင့် ဂျပန်နိုင်ငံတစ်ဝိုက်၌ တိုင်ဖွန်း၊
(၄) မောရစ်ရှနှင့် မက်ဒါဂတ်စတာကျွန်း၊ အရှေ့အိန္ဒိယ
ပင်လယ်တို့၌ ဆိုင်ကလုန်း၊
(၅) ဩစတြေးလျတိုက် အရှေ့ပစိဖိတ် သမုဒ္ဒရာ
ပင်လယ်ပြင်၌ ဟာရီကိန်း၊
(၆) ဖိလစ်ပိုင်ကျွန်းတစ်ဝိုက်တွင် ဗားဂယိုဟူ၍ အမျိုးမျိုး
ခေါ်ဝေါ်ကြ၏။
လေမုန်တိုင်းဟူသည် အများအားဖြင့် သမုဒ္ဒရာထဲ၌သာစ၍ ဖြစ်ပေါ်လေ့ရှိပြီးလျှင် ပင်လယ်ပြင်တွင် ရွေ့လျားသွားတိုက်ခတ် တတ်၏။ ကမ်းခြေသို့ အကြောင်းဆိုက်၍ ရောက်လာပါက တဖြည်းဖြည်းအားပျော့သွား ပြီးလျှင် ပျောက်ကွယ်ချုပ်ငြိမ်း သွားလေ့ရှိ၏။
လေထုပေါ့ပါးရပ်နှင့် လေမုန်တိုင်းတို့၏ ဖြစ်ပေါ်ရခြင်း အကြောင်းနှင့် ရုပ်လက္ခဏာတို့သည် မူအားဖြင့် ခြားနားခြင်း လုံးဝမရှိချေ။ အရပ်ဒေသတစ်ခုရှိ လေထုသည်အကြောင်းတစ်စုံ တစ်ရာကြောင့် ပေါ့ပါးသွားခဲ့သော် ပတ်ဝန်းကျင်ရှိထူလေးသော လေထုမှလေသည် စီးဝင်လာမည်မှာ ဓမ္မတာဖြစ်၏။ ရေသည် မြင့်ရာမှ နိမ့်ရာ သို့စီးသကဲ့သို့ လေသည် ထူလေးသောအရပ်မှ ပေါ့ပါးသောအရပ်သို့တိုက်ခတ်၏။ သို့ရာတွင် ပတ်ဝန်းကျင်မှ လေသည် ပေါ့ပါးရပ်၏ ဗဟိုသို့တိုးဝင်တိုက်ခတ်ရာ၌ တဲ့တိုး ဝင်၍မရသဖြင့် ဝဲထိုး၍သာ ဝင်လာနိုင်၏။ တစ်ဖန် ကမ္ဘာကြီး ၏ အနောက်မှ အရှေ့သို့လှည့်လည်မှုကြောင့် အီကွေတာ၏ မြောက်ပိုင်းခြမ်း၌ လေသည် အမြဲတစေ ဗဟိုချက်မသို့ လက်ဝဲ ရစ်ရစ်လျက် တိုက်ခတ်စီးဝင်၏။ အီကွေတာ၏ တောင်ပိုင်း ခြမ်း၌ကား လကျာ်ရစ်ရစ်၍ စီးဝင်၏။ ထို့ကြောင့် ပေါ့ပါးရပ် ဟူ၍လည်းကောင်း၊ မုန်တိုင်းဟူ၍လည်းကောင်းခေါ်ဝေါ်ရာ၌ လေဝဲကြီးဖြစ်ကြောင်း ကို သတိချပ်အပ်၏။ ဖြည်းညင်းစွာလည်နေသော လေဝဲကြီးကို ပေါ့ပါးရပ်၊ ပြင်းပြင်းထန်ထန် လည်နေသောလေဝဲကြီးကို မုန် တိုင်းဟု ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု တစ်နည်းအားဖြင့် သိအပ် ၏။
မုန်တိုင်းဟူ၍ ခေါ်ဆိုထားပါလျှင် လေတိုက်နှုန်းသည် ယုတ်စွအဆုံး တစ်နာရီလျှင် မိုင် ၅ဝ ကျော်တိုက် ခတ်လျက် ရှိနေပြီ၊ တိုက်ခတ်တော့မည်ဟု သိအပ်၏။ ပေါ့ပါးရပ်ဟူ၍သာ ခေါ်ဝေါ်ထားလျှင် လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၅ဝ အောက်သာ တိုက်ခတ်နေသည်။ မိုင် ၅ဝ ထက်ကျော်နိုင်မည်မဟုတ်ဟူ၍ ခွဲခြား၍လည်း သိအပ်၏။ မုန်တိုင်း၏ ဗဟို၌ ရံဖန်ရံခါ လေထု၏ ဖိနှိပ်အားသည် မိလိဗား ၉၆ဝ (ဝါ) လက်မ ၂၈.၃၅ ခန့်ရှိ တတ်၍ အပြင် စွန်း၌ မိလိဗား ၁ဝ၂ဝ (ဝါ) လက်မ ၃ဝ ့၁၂ ခန့်ရှိတတ် သည်။ အထူအပါးခြားနားခြင်း ဤမျှလောက်ရှိသော မုန်တိုင်း ၏ အချင်းသည် တစ်ခါတစ်ရံ မိုင်ပေါင်း ၆ဝဝ ခန့်ကျယ်ဝန်း နိုင်၏။ သို့ရာတွင် ရံဖန်ရံခါ မိုင်ပေါင်း ၁ဝဝ မှ ၂ဝဝ ခန့် အထိ သေးငယ်နိုင်၏။ ထိုတွင် မျှမက အငယ်ဆုံးအချင်းသည် မိုင် ၅ဝ မျှသာ ရှိတတ်သေး၏။
သို့သော် ပေါ့ပါးရပ်များ၌မူကား လေထဲ၏ အတွင်းအပြင် တို့၏ ဖိနှိပ်အားသည် မိလိဗား ၉၆ဝ နှင့် ၁ဝ၂ဝ ခန့် (လက်မ ၂၈.၃၅ နှင့် ၃ဝ.၁၂ ခန့်)ရှိမူ၊ လေဝဲကြီး၏ အချင်း သည် မိုင်ပေါင်း ၁ဝဝဝ ကျော်မှ ၂ဝဝဝ အထိရှိနိုင်၏။ လေဝဲ၏ အချင်းသည် ကြီးမားလျှင် ပြင်းထန်ခြင်းမရှိမူ၍ အချင်းသည်သေးငယ်သော် ပြင်းထန်ခြင်းရှိသည်ကို သတိ ပြုရာသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကို ထိပါးသော လေမုန် တိုင်းမျိုးသည် အပူပိုင်းဒေသလေထုပေါ့ပါးမှုကြောင့် တဖြည်း ဖြည်း မုန်တိုင်းဖြစ်ပေါ်ရခြင်းဖြစ်သည်။ ထိုငြိမ်သက်နေသော မုန်တိုင်း၏ ဗဟိုကို မုန်တိုင်း ဗဟိုချက်ဟူ၍ခေါ်ဆိုသည်။ မြန်မာနိုင်ငံအနားတစ်ဝိုက်တွင် တဖြည်းဖြည်းလျော့လာ သည်ကိုတွေ့ရ၏။ လေသည် ရာသီအလိုက် တိုက်သင့်သော အရပ်မှမတိုက်ဘဲ၊ လက်ဝဲရစ်စ၍ရစ်လာ၏။ သို့ရာတွင် လေ သည် ဖြည်းညင်းစွာ တိုက်လျက် ပင်ရှိသေး၏။ လေဖိတူမျဉ်းသည် စက်ဝိုင်းသဏ္ဌာန်ဖြစ်လာ၏။ ဤ အချက်၌ လေထုမငြိမ်မသက်ဖြစ်နေသည်ဟူ၍လည်းကောင်း၊ လေဖိအား နည်းလှိုင်း သို့မဟုတ် လေဖိအားနည်းဧရိယာ ဖြစ်ပေါ်နေသည် ဟူ၍လည်းကောင်း ခေါ်ဝေါ်၏။ ထိုထက် လေဖိတူမျဉ်းများ ၂ ကြောင်း ၃ ကြောင်းခန့်ပေါ်လာပြီးလျှင် လေခပ်သုတ်သုတ်တိုက်၍ လက်ဝဲရစ်လှည့်သော လေစီးကြောင်းကို မြေပုံပေါ်၌ ပေါ်လွင် စွာ တွေ့ရမည်ဖြစ်ပါက လေမုန်တိုင်း အနုစားပျိုးနေသည်ဟု ခေါ်ဆို၏။ တိုက်ခတ်သောလေ၏ ပြင်းထန်မှုအပေါ်၌တည်၍ တစ်နာရီလျှင် ၃၅ မိုင်ထက် ကျော်လွန်စွာတိုက်ခတ်နေပါက မုန်တိုင်းဟူ၍လည်းကောင်း၊ တစ်နာရီလျှင် မိုင် ၆ဝ ကျော်တိုက်ခတ်နေ ပါက လေပြင်းမုန်တိုင်းဟူ၍လည်းကောင်း ခွဲခြားခေါ်ဝေါ်၏။ မုန်တိုင်း၏ ဗဟိုချက်နားတစ်ဝိုက်တွင် တစ်ခါတစ်ရံ လေသည် လုံးဝငြိမ် သက်နေကြောင်းတွေ့ရ၏။ စ၍ပျိုးသည်မှ လေမုန်တိုင်းအဖြစ်သို့ ရောက်ရန် ၃ ရက်၊ ၄ ရက်ခန့် ကြာတတ်၏။ သို့ရာတွင် ၂၄ နာရီအတွင်း အတော်ပြင်းထန်သော မုန်တိုင်းမျိုးလည်းချက်ချင်း လိုပင် ပေါ်ပေါက်တတ်သေး၏။
မုန်တိုင်းသည် အတော်အတန်ကြာကြာ တစ်နေရာတည်း၌ ဝပ်နေရာမှ ပြင်းထန်လာပြီးနောက် ယေဘုယျအားဖြင့် တစ်နာရီ လျှင် ၁၅ မိုင်မှ မိုင် ၂ဝ ခန့်ဖြင့် ရွှေ့လျားသွားလေ့ရှိ၏။ မြန်မာနိုင်ငံတစ်ဝိုက်၌ ပျက်စီးလောက်အောင် ပြင်းထန် သော မုန်တိုင်းများသည် ဧပြီလ အဦးအဆုံးကာလအတွင်းနှင့် မိုးဦးအကြား၌လည်းကောင်း နောက်တစ်ဖန် မိုးနှောင်းနှင့် ဒီဇင်ဘာလ အနှောင်းဆုံးကာလအကြား၌လည်းကောင်း ဖြစ်ပေါ်လေ့ရှိ၏။ မြန်မာနိုင်ငံမိုးလေဝသဌာနမှ အောက်ပါအတိုင်း အထိမ်း အမှတ်များကို ဆိပ်ကမ်းမြို့ကြီးများ၌ လေမုန်တိုင်းသတိပေး ချက် အထိမ်းအမှတ်အဖြစ်ဖြင့် လွှင့်တတ်၏။ အထိမ်းအမှတ် များမှာ ဝေးလံသော ပင်လယ်ပြင်၌ လေမုန်တိုင်းဖြစ်ပေါ်နေ ကြောင်း အထိမ်းအမှတ်နှင့် ဆိုင်ရာဆိပ်ကမ်းနား၌ ဖြစ်ပေါ်နေ ကြောင်း အထိမ်းအမှတ်ဟူ၍ နှစ်မျိုးရှိရာ ထိုအထိမ်းအမှတ် များကို ပုံတွင်ဖော်ပြထားသည်။
ဒေါက်တာဦးဘိုးအေး ဝေးလံသော အရပ်၌ဖြစ်ပေါ်နေကြောင်း အထိမ်းအမှတ်များမှာ -
- တစ်ခုသောအရပ်၌မုန်တိုင်းဖြစ်ပေါ် နေဟန်ရှိကြောင်းနှင့်
- တစ်ခုသောအရပ်၌ မုန်တိုင်းကျရောက်နေပြီတို့
ဖြစ်ကြ၏။
ဆိပ်ကမ်းနားတစ်ဝိုက်နှင့် သက်ဆိုင်သော ညွှန်ကြားချက်
များမှာကား အောက်ပါအတိုင်းဖြစ်၏။
(၁) ဆိပ်ကမ်း၌ မိုးလေပြင်းထန်မည့်အကြောင်းလက္ခဏာ
ရှိသည်။
(၂) ဆိပ်ကမ်း၌ လေမုန်တိုင်းအန္တရာယ်ရှိသည်။
(၃) ဆိပ်ကမ်း၌ မနီးမဝေးအရပ်ကို ဗဟိုပြု၍ အတော်
အတန်ပြင်းထန်သော လေမုန်တိုင်းသည် ပင်လယ်မှကမ်း
ခြေသို့ ဖြတ်ကျော်တော့မည်ဖြစ်ကြောင်း။
(၄) ဆိပ်ကမ်းပေါ်သို့သော်လည်းကောင်း နီးကပ်စွာသော်လည်းကောင်း
အတန်ပြင်းထန်သော လေမုန်တိုင်းဖြတ်သွားတော့ မည်
ဖြစ်ကြောင်း၊
(၅) ဆိပ်ကမ်းနှင့် အနီးမဝေးအရပ်ကို ဗဟိုပြု၍ လေပြင်း
မုန်တိုင်းကြီး ပင်လယ်မှ ကမ်းခြေသို့ ဖြတ်ကျော်တော့မည်
ဖြစ်ကြောင်း၊
(၆) ဆိပ်ကမ်းပေါ်သို့သော်လည်းကောင်း၊ အနီးကပ်စွာသော်လည်းကောင်း
လေပြင်းမုန်တိုင်းကြီး ဖြတ်သွားတော့မည်ဖြစ်ကြောင်း၊
(၇) ဆိပ်ကမ်းနှင့် မိုးလေဝသဌာနတို့ ကြေးနန်းအဆက်
အသွယ်ပြတ်နေသည်။ ဆိပ်ကမ်းအရာရှိသည် ဤဆိပ်
ကမ်း၌ မိုးလေဝသ ဆိုးရွားလိမ့်မည်ဟု ယူဆကြောင်း။