ဆတ်သွားဖူးပင်
အပင်မျိုးစိတ် / From Wikipedia, the free encyclopedia
ရုက္ခဗေဒအရ ဆတ်သွားဖူးပင်သည် 'ပန်ဒနေစီအီး'မျိုးစဉ် တွင်ပါဝင်၍၊ ယင်းကို 'ပန်ဒနေးနပ် တက်တိုးရီးယပ်'ဟု ခေါ် သည်။ မျိုးစိတ်ပေါင်း ၅ဝ မကရှိသည်။ ဆတ်သွားဖူးပင်ကို အပင်ကြီး အနေနှင့်လည်းကောင်း၊ ချုံပင်အနေနှင့်လည်းကောင်း တွေ့ရသည်။ အချို့မျိုးစိတ်တွင် ပင်စည်သည်သေးသွယ်၏။ အချို့တွင်မူ ပင်စည်သည် တုတ်ခိုင်သည်။ ပင်စည်မှလေရှူမြစ်များထွက် လာကာ မြေကြီးထဲသို့ ရွှေစောင်းပြီး ထိုးဆင်းသွားသည်။ ပင်စည်အောက်ပိုင်း ဆွေးမြည့်လာသောအခါ၊ထိုလေရှူမြစ် တို့ကပင် အပင်ကိုဖေးမပေးသည်။ အပင်၏အမြင့်မှာ၁၅ပေမှ ပေ ၂ဝ အထိရှိသည်။ အချို့အကိုင်းအခက်တို့၏အဖျားတွင် ရှည်လျား၍ သွယ်မြောင်းသောအရွက်တို့သည်တစ်ခုနှင့်တစ်ခု သုံးပင်လိမ်ယှက်လျက်ထွက်ကြသည်။ အရွက်၏အလျားမှာ၃ ပေမှ ၅ ပေထိရှိသည်။ အရွက်တို့၏နံဘေးတစ်ဘက်တစ်ချက် ၌၎င်း၊ ရွက်လယ်ကြော၌၎င်းဆူးများရှိသည်။ အပွင့်(ဆတ်သွား ဖူးပန်း)သည် အဝါနုရောင်ဖြစ်သည်။ အနံ့မှာ အလွန်မွှေးကြိုင် သည်။
Pandanus tectorius | |
---|---|
Growing in the mountains of Oʻahu in Hawaii | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Monocots |
မျိုးစဉ်: | Pandanales |
မျိုးရင်း: | Pandanaceae |
မျိုးစု: | Pandanus |
မျိုးစိတ်: | P. tectorius |
ဒွိနာမ | |
Pandanus tectorius | |
Synonyms[2] | |
စာရင်း
|
အရည်ရွှမ်း၍ ထူထဲသောအရွက်တို့မှ လျှော်တစ်မျိုးကို ရသည်။ အရွက်များကို ခမောက်၊ ဦးထုပ်၊ တောင်း၊ ဖျာရက် လုပ်ရာတွင် အသုံးပြုရသည်။ ရွက်နုကလေးများကို စားသောက် ဖွယ်ရာတွင် အမွှေးအကြိုင်အဖြစ် အသုံးပြုသည်။
ဆတ်သွားဖူးပင်သည် အပူပိုင်းဒေသတွင် ပေါက်ရောက် သည်။ ဩစတြေးလီးယားတိုက်၊ မလ္လာယုကျွန်းစု၊ အရှေ့အိန္ဒိယ ကျွန်းစု၊ ပစိဖိတ်သမုဒ္ဒရာကျွန်းစုများတွင် ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်နှင့် ညွှန်ထူထပ်သောဒေသများတွင် ပေါက်ရောက် သည်။ မြန်မာနိုင်ငံတွင် သဲပေါရာပင်လယ် ကမ်းရိုးတန်းတွင် ပေါက်သည်။[3]