စုဘူး
From Wikipedia, the free encyclopedia
စုဘူး (အင်္ဂလိပ်/piggy bank,penny bank or money box) သည် သာမန်အားဖြင့် ကလေးများ အသုံးပြုသော ကြေးဒင်္ဂါးများ ထည့်ရသည့် ဘူးတစ်လုံး၏ ယေဘုယျ နာမည် ဖြစ်သည်။ ၂၀ ရာစု အစောပိုင်းတွင် ထင်ရှားသော ကုန်သည်ဘဏ်များနှင့် စာလျှင် ငွေသေဘဏ်တစ်ခု အဖြစ် စုဆောင်းသူများက သတ်မှတ်ထားသည်။ အဆိုပါ စုဘူးများကို ကုမ္ပဏီများက အရောင်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် မကြာခဏ အသုံးပြုသည်။ ဝက်ပုံသဏ္ဌာန် ရှိသော ဘူးကြောင့် ဝက်ရုပ်စုဘူးဟု အမည်ရလာပြီး၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီများသည် စုဆောင်းရသည့် အထိမ်းအမှတ်အဖြစ် ဝက်ရုပ်စုဘူးကို အသုံးပြုတတ်ကြသည်။
စုဘူးကို များသောအားဖြင့် ကြွေထည် မြေထည်တို့ဖြင့် ပြုလုပ်လေ့ ရှိသည်။[1] ယေဘုယျအားဖြင့် ကလေးများကို ခြိုးခြံချွေတာ၍ စုတတ်ဆောင်းတတ်အောင် သင်ကြားပေးရာ၌ သုံးသော သင်ထောက်ကူ ပစ္စည်း တစ်ခုအဖြစ် အသုံးတော် ခံရပြီး၊ ဆေးခြယ်ထားလေ့ ရှိသည်၊ ငွေကို လွယ်ကူစွာ ထည့်နိုင်သည်။ ဝက်ရုပ်စုဘူးများတွင် အောက်ဘက်၌ ရာဘာ ပလပ်ခေါင်း တစ်ခု ရှိသည်၊ တဘက်တွင်မူ ဗီနိုင်းဖြင့် ပြုလုပ်ပြီး ဒင်္ဂါးများ ထည့်ရန်အတွက် ဖယ်ရှား၍ရသော အဆို့ တစ်ခု ရှိသည်။ အချို့စုဘူးများ ဆိုလျှင် စုဆောင်းမိထားသော ငွေပမာဏကို တွက်ချက်ပေးသည့် လျှပ်စစ်စနစ်ပင် ပါသည်။ [2] အချို့ စုဘူးများသည် ဒင်္ဂါးပြား ထည့်ရန် အပေါက်မှ တပါး အခြား ပွင့်နေသော အပေါက် မပါရှိသဖြင့်၊ အထဲမှ ငွေကြေးကို ပြန်လည် ရယူလိုသောအခါ၌ နည်းလမ်းတမျိုးမျိုးကို သုံး၍ ဖြစ်စေ၊ သို့မဟုတ် တူဖြင့် ထုခွဲ၍ ဖြစ်စေ ပြန်လည် ထုတ်ယူကြရလေသည်။[3][4]