စိန့်ဟျူးကောလိပ်
From Wikipedia, the free encyclopedia
စိန့်ဟျူးကောလိပ် (အင်္ဂလိပ်: St Hugh's College) သည် အောက်စဖို့ဒ်တက္ကသိုလ်၌ ပါဝင်ဖွဲ့စည်းထားသော ကောလိပ်များထဲက တစ်ခုဖြစ်၍ မြို့လယ်ခေါင်၏ မြောက်ဘက်အလွန်၊ စိန့်မာဂရက်လမ်းပေါ်ရှိ ၁၄.၅-ဧက (၅.၉-ဟက်တာ) ကျယ်သော နေရာတွင်တည်ရှိသည်။[2] ၁၈၈၆ တွင် အဲလိဇဘက် ဝါ့ဒ်ဇ်ဝါ့သ် (Elizabeth Wordsworth) က အမျိုးသမီးကောလိပ်အဖြစ် တည်ထောင်ခဲ့ပြီး နှစ်တစ်ရာအကြာ ၁၉၈၆ တွင် ပထမဆုံး ကျောင်းသားများကို လက်ခံခဲ့သည်။
St Hugh's College | |
---|---|
Oxford | |
Arms: Azure, a saltire ermine, between four fleurs-de-lys or. | |
တည်နေရာ | St Margaret's Road |
ကိုဩဒိနိတ် | 51.765675°N 1.263406°W / 51.765675; -1.263406 |
အမည်အပြည့်အစုံ | St Hugh's College in the University of Oxford |
လက်တင်အမည် | Collegium Sancti Hugonis |
တည်ထောင် | ၁၈၈၆ |
အစွဲပြုအမည် | Saint Hugh of Lincoln |
Clare College, Cambridge | |
ကျောင်းအုပ် | Dame Elish Angiolini |
ဘွဲ့မရ | ၄၂၀[1] (2017/2018) |
ဘွဲ့လွန် | ၃၇၇[1] (2017/2018) |
ဝဘ်ဆိုဒ် | st-hughs.ox.ac.uk |
Boat club | St Hugh's Boat Club |
Map | |
ကျောင်း၏ ကျယ်ဝန်း၍ နှစ်လိုဖွယ်ရှိသော ဥယျာဉ်များကြောင့် ဆွဲဆောင်မှုရှိသောကောလိပ်များထဲက တစ်ခုဖြစ်သည်။[3][4] နှစ်သက်တမ်း (၁၂၅) နှစ်ပတ်လည်တွင် ကောလိပ်သည် "The Principal and Fellows of St Hugh's College in the University of Oxford" ၏ အမည်အောက်၌ မှတ်ပုံတင်ထားသည့် ကုသိုလ်ဖြစ်ကျောင်းတစ်ခုဖြစ်လာခဲ့သည်။[5] ၂၀၁၈ ဇူလိုင်အထိ ကျောင်း၏ ပံ့ပိုးလှူဒါန်းမှုသည် သန်းပေါင်း ၃၇.၆ ပေါင်ဖြစ်သည်။[6]