ဂျူးဒဏ္ဍာရီ
From Wikipedia, the free encyclopedia
ဂျူးဒဏ္ဍာရီ (အင်္ဂလိပ်: Jewish mythology) သည် ရိုးရာပုံပြင်ဇာတ်လမ်းများနှင့် ဘာသာရေးဆိုင်ရာ ကျမ်းစာများတွင် တွေ့ရှိရသည့် ရှေးရိုးစဉ်လာပုံပြင်များ၏ အဓိကစာပေဆိုင်ရာ အခြင်းအရာများဖြစ်သည်။ ထိုရင်းမြစ်စာပေများသည် ဂျူးလူမျိုးတို့၏ ယဉ်ကျေးမှုများနှင့် ဂျူးဘာသာအကြောင်းကို သရုပ်သကန်ဖော်ပြ၊ ရှင်းပြနိုင်စေရန် အထောက်အကူပြုကြသည်။[1] ဂျူးဒဏ္ဍာရီလာ အကြောင်းအရာများသည် ခရစ်ယာန်ဒဏ္ဍာရီနှင့် အစ္စလာမ်ဒဏ္ဍာရီတို့အပေါ်တွင်လည်းကောင်း ယေဘုယျသဘောအားဖြင့် ကမ္ဘာ့ယဉ်ကျေးမှုအပေါ်တွင်လည်းကောင်း ကြီးမားသည့်လွှမ်းမိုးမှုရှိသည်။ ခရစ်ယာန်ဒဏ္ဍာရီသည် ဂျူလူမျိုးများဆီမှ ဇာတ်လမ်းပုံပြင်များကို တိုက်ရိုက်အမွေဆက်ခံကြကာ သမ္မာကျမ်းစာဟောင်းမှ တူညီသော ဇာတ်လမ်းပုံပြင်များကို မျှဝေသုံးစွဲကြသည်။ အစ္စလာမ်ဒဏ္ဍာရီသည်လည်း ထိုတူညီသည့် များစွာသော ဇာတ်လမ်းပုံပြင်များကို ယူငင်မျှဝေသုံးစွဲကြရာ ဥပမာအားဖြင့် ဖန်တီးခြင်းဆိုင်ရာ အကြောင်းသည် ကာလခြောက်ခုအပေါ်တွင် ခြားနားတင်ပြထားခြင်း၊ အေဘရာဟမ်း၏ ရာဇဝင်၊ မိုးဇစ် (သို့) မိုးဇက် (Moses) နှင့် အစ်ဇ်ရာလိုက် (Israelites) လူမျိုးများအကြောင်း ဇာတ်လမ်းများ၊ အခြားအကြောင်းအရာများစွာတို့ ဖြစ်ကြသည်။