ဂျိုးဇက် ဘလက်
From Wikipedia, the free encyclopedia
ဂျိုးဇက် ဘလက် (သို့) ဂျိုးဇစ် ဘလက် (အင်္ဂလိပ်: Joseph Black) သည် စကော့ ရူပဗဒပညာရှင်၊ ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်၍ မဂ္ဂနီစီယမ်၊ အောင်းပူ၊ နှိုင်းယှဉ်အပူ၊ ကာဗွန်ဒိုင်အောက်ဆိုက်တို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် လူသိများထင်ရှားသည်။ ခန္ဓာဗေဒ၊ ဓာတုဗေဒ ပါမောက္ခအဖြစ် ဂလက်စဂိုတက္ကသိုလ်တွင် ၁၇၅၆ မှ ဆယ်နှစ်ကြာသည်အထိ ဆောင်ရွက်ခဲ့ပြီး အဲဒင်ဘာရာတက္ကသိုလ်၌ ၁၇၆၆ မှစ၍ ဆေးပညာ၊ ဓာတုဗေဒ ပါမောက္ခအဖြစ် တာဝန်ယူခဲ့ကာ နှစ်သုံးဆယ်ကျော်ကြာ စာပို့ချခဲ့သည်။[2]
အချက်တိုများ ဂျိုးဇက် ဘလက်, မွေးဖွား ...
ဂျိုးဇက် ဘလက် | |
---|---|
ဂျိုးဇက် ဘလက်၏ ပုံနှိပ်မူပုံ | |
မွေးဖွား | (1728-04-16)၁၆ ဧပြီ၊ ၁၇၂၈ ပြင်သစ်၊ ဘော်ဒိုးမြို့ |
ဆုံးပါး | ၆ ဒီဇင်ဘာ၊ ၁၇၉၉(1799-12-06) (အသက် ၇၁) အဲဒင်ဘာရာ၊ စကော့တလန် |
နိုင်ငံလူမျိုး | စကော့လူမျိုး |
နယ်ပယ် | ဆေးပညာ, ရူပဗေဒ, ဓာတုဗေဒ |
အဖွဲ့အစည်းဌာန | အဲဒင်ဘာရာ တက္ကသိုလ် |
မိခင်ကျောင်း | ဂလက်စဂို တက္ကသိုလ် အဲဒင်ဘာရာ တက္ကသိုလ် |
ကြီးကြပ်သူများ | William Cullen |
တပည့်ကျော်များ | James Edward Smith Thomas Charles Hope |
ကျော်ကြားမှုအရင်းခံ | အောင်းပူ၊ နှိုင်းယှဉ်အပူ၊ ကာဗွန်ဒိုင်အောက်ဆိုက် ရှာဖွေတွေ့ရှိခြင်းများ |
သူ၏ဩဇာလွှမ်းမိုးခံ | ဂျိမ်းစ်ဝပ်, ဘန်ဂျမန် ရာ့ရှ် Rush[1] |
ပိတ်ရန်
ထိုတက္ကသိုလ်နှစ်ခုစလုံး၏ ဓာတုဗေဒအဆောက်အအုံများကို ဘလက်အား အစွဲပြု၍ အမည်ပေးခဲ့ကြသည်။