ဂျိုက်ဂွါး
နို့တိုက်သတ္တဝါမျိုးစိတ် (ကြောင်မျိုးရင်းဝင်) / From Wikipedia, the free encyclopedia
"ဂျိုက်ဂွါး"သည် 'ကျားသစ် (Leopard)' မဟုတ်ပါ။
ဂျိုက်ဂွါး (အင်္ဂလိပ်: Jaguar) သည် ကြောင်ကြီးမျိုး "ပန်တယ်ရာ အွန်ကာ(P. Onca)" မျိုးစိတ်ဖြစ်၍ ကြောင်မျိုးရင်းဝင်ဖြစ်ပြီး တောင်အမေရိကနှင့် ဗဟိုအမေရိက ဒေသများတွင် နေထိုင်ကျက်စားသည့် သားရဲတိရစ္ဆာန် တစ်မျိုးဖြစ်သည်။ ဂျိုက်ဂွါးသည် ကျားနှင့် ခြင်္သေ့တို့ ပြီးလျှင် တတိယမြောက် အကြီးဆုံးသော ကြောင်မျိုးရင်းဝင် သတ္တဝါဖြစ်သည်။ အနောက်ကမ္ဘာခြမ်းတွင် အကြီးဆုံးနှင့် အားအကောင်းဆုံး ကြောင်မျိုးရင်းဝင် သတ္တဝါလည်း ဖြစ်သည်။
ဂျိုက်ဂွါး (အင်္ဂလိပ်: Jaguar) | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Carnivora |
Suborder: | Feliformia |
မျိုးရင်း: | Felidae |
မျိုးရင်းသေး: | Pantherinae |
မျိုးစု: | Panthera |
မျိုးစိတ်: | P. onca |
ဒွိနာမ | |
Panthera onca | |
ဂျိုက်ဂွါးများ နေထိုင်ကျက်စားရာ ဒေသများ လက်ရှိ (အနီရောင်)နှင့် ယခင်က (ပန်းရောင်) | |
Synonyms | |
|
ဂျိုက်ဂွါးတို့သည် ၎င်းတို့တွင် ရှိသော အစက်အပြောက်များကြောင့် ကျားသစ်နှင့် ပုံစံတူသည်။ သို့သော် ဂျိုက်ဂွါးများက ပို၍ သန်မာပြီး ခွန်အားလည်း ပိုကြီးကြကာ ၎င်းတို့၏ အမူအကျင့်မှာ ကျားနှင့် ပို၍ဆင်သည်။ ထို့ပြင် ဂျိုက်ဂွါး နှင့် ကျားသစ် တို့၏ သိသာထင်ရှားသော ကွဲပြားချက်မှာ ဂျိုက်ဂွါးများ၏ ခန္ဓာကိုယ်ပေါ်ရှိ အကွက်အပြောက်များ၏ အလယ်တွင် အနက်ရောင် အစက်အပြောက်များ ပါရှိပြီး ကျားသစ်များတွင်မူ မပါရှိခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် ရေနှင့်နီးသော နေရာတွင် နေထိုင်ရန် နှစ်သက်တတ်ကြပြီး ကျားကဲ့သို့ပင် ရေကူးရန် ခုံမင်လေ့ရှိကြသည်။ သားကောင်ရှာဖွေရာတွင် တစ်ကောင်တည်း ရှာဖွေလေ့ ရှိကြသည်။ ဂျိုက်ဂွါး၏ ကိုက်အားမှာ အခြား ကြောင်မျိုးနွယ် သတ္တဝါကြီးများနှင့် ယှဉ်လျှင် ပို၍ သန်မာသည်။ သူတို့၏ သန်မာသော ကိုက်အားကြောင့် ဂျိုက်ဂွါးတို့သည် အခွံမာသော တွားသွားသတ္တဝါများကိုပင် ပြတ်အောင် ကိုက်နိုင်ပြီး ၎င်းတို့၏ သားကောင်များကို တစ်မူထူးခြားစွာ သတ်ဖြတ် လေ့ ရှိကြသည်။ ၎င်းတို့သည် သားကောင်များကို နားရွက် နှစ်ဖက်ကြား ဦးခေါင်းခွံမှ စ၍ ဦးနှောက်ကို ပေါက်ထွက်သည့်တိုင်အောင် ကိုက်လေ့ရှိသည်။