ဂျန် အော
From Wikipedia, the free encyclopedia
ဂျန် အော (28 April 1900 – 5 November 1992) သည် ဒတ်ခ်ျလူမျိုး နက္ခတ္တပညာရှင်ဖြစ်ပြီး နဂါးငွေ့တန်း ဂယ်လက်ဆီအား လေ့လာရာတွင် သိသာထင်ရှားသည့်ပံ့ပိုးမှုများဆောင်ရွက်ခဲ့သူ၊ ရေဒီယို နက္ခတ္တပညာရပ်တွင် ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်သည်။[1] နယူးယောက်တိုင်းမ်က သူအား ရာစုနှစ်တစ်ခုတွင် စကြဝဠာ၏ အထင်ရှားဆုံး စူးစမ်းလေ့လာသူတစ်ဦးဟု ခေါ်ဆိုခဲ့သကဲ့သို့[2] ဥရောပ အာကာသ အေဂျင်စီ ဝဘ်ဆိုဒ်ကမူ ၂၀ ရာစု၏ အခမ်းနားဆုံး နက္ခတ္တပညာရှင်ဟု သမုတ်ခဲ့သည်။[3] ၁၉၅၅ ခုနှစ်တွင် ဂျန်အောသည် Life magazine ၏ ထင်ရှားသော သက်ရှိထင်ရှားလူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ပါဝင်ခဲ့ပြီး[4] နယ်သာလန်နိုင်ငံအား နက္ခတ္တဗေဒ စစ်ပွဲပြီးခေတ်၏ ရှေးတန်းသို့ ပို့ဆောင်ပေးသူဟု ဖော်ပြခံရသည်။[2] သူသည် ၁၉၃၂ ခုနှစ်တွင် ဒြပ်မှောင် (Dark matter) များ၏ တည်ရှိမှုကို အမှန်ဟုယုံကြည်ခဲ့သူလည်းဖြစ်သည်။ Oort cloud နှင့် Oort constant အစရှိသည်တို့သည် သူအားအစွဲပြုကာ မှည့်ခေါ်ခြင်းဖြစ်သည်။
ဂျန် အော | |
---|---|
မွေးဖွား | (1900-04-28)၂၈ ဧပြီ၊ ၁၉၀၀ Franeker, Friesland |
ဆုံးပါး | ၅ နိုဝင်ဘာ၊ ၁၉၉၂(1992-11-05) (အသက် ၉၂) လိုင်ဒန် ဟော်လန်တောင်ပိုင်း။ |
နိုင်ငံလူမျိုး | ဒတ်ချ် |
နယ်ပယ် | နက္ခတ္တဗေဒ |
ပါရဂူဘွဲ့ ကြီးကြပ်သူ | Jacobus Cornelius Kapteyn |
ကျော်ကြားမှုအရင်းခံ |
|
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ | Vetlesen Prize (1966) Kyoto Prize (1987) |