ဂုဏ်ထူးဆောင်ဘွဲ့
From Wikipedia, the free encyclopedia
ဂုဏ်ထူးဆောင်ဘွဲ့ (အင်္ဂလိပ်: honorary degree) သည် ပညာရေးဆိုင်ရာဘွဲ့တစ်ခုဖြစ်၍ ထိုဘွဲ့အတွက် တက္ကသိုလ် (သို့) ဆုချီးမြှင့်သည့် အဖွဲ့အစည်းတစ်ခုခုသည် ပုံမှန်လိုအပ်ချက်များကို လျှော့ပေါ့စဉ်းစားပေးရာ နမူနာအနေဖြင့် ပါဝင်နိုင်သော လိုအပ်ချက်များမှာ တက္ကသိုလ်ဝင်ခွင့်၊ (ကျောင်း)တက်ရောက်မှု၊ သင်ရိုးဆိုင်ရာ အပိုချိန်သင်ယူမှု (course credit) ၊ အဆင့်မြင့်ဘွဲ့အတွက် ပြုစုကျမ်း (dissertation) ၊ ကျယ်ပြန့်သော စာမေးပွဲအောင်မြင်မှု[မှတ်စု 1] စသည်တို့ဖြစ်ကာ ထိုလိုအပ်ချက်များကို လျှော့ပေါ့စဉ်းစားပေးကြသည်။
ဤဘွဲ့အား အနက်အဓိပ္ပာယ်ဖွင့်ဆိုပုံများမှာ တက္ကသိုလ် (သို့) အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ကွဲပြားနိုင်သည်။ မဲရီယန်-ဝက်ဘ်စတာ အဘိဓာန်က "ကျောင်းသူ/သား မဟုတ်ဘဲ အရေးပါသော အရာတစ်ခုခုကို ဆောင်ရွက်သူအား တက္ကသိုလ်/ကောလိပ်က ချီးမြှင့်သောဘွဲ့" ဟူ၍ ဖွင့်ဆိုကာ[1] အောက်စဖို့ဒ်အင်္ဂလိပ်အဘိဓာန်က "ပုံမှန်လိုအပ်ချက်၊ လုပ်ဆောင်ချက်မရှိဘဲ ဂုဏ်ပြုမှုအရ ပေးသောဘွဲ့"[2]၊ ကိမ်းဘရစ်ချစ်တက္ကသိုလ်၏ ဖွင့်ဆိုချက်တွင် "ပညာရေးသင်ယူလေ့လာမှုမလုပ်သောသူတစ်ဦးဦးကို ဂုဏ်ပြုမှုအဖြစ်ချီးမြင့်သောဘွဲ့" ဟူ၍[3]
ဂုဏ်ထူးဆောင်ဘွဲ့သည် လူမှုအဖွဲ့အစည်း၏ ကောင်းကျိုး၊ ယဉ်ကျေးမှု၊ ပညာရပ်ဆိုင်ရာ စသဖြင့်တစ်ခုခုကို နက်နက်နဲနဲ၊ မလျှော့သောဇွဲဖြင့် ကြိုးပမ်းဆောင်ရွက်သူများကို ပေးလေ့ရှိရာ ဘွဲ့ပေးရန် စဉ်းစားဆုံးဖြတ်ကြရာတွင် နိုင်ငံတွင်း (သို့) နိုင်ငံတကာအဆင့် အရေးပါသောအောင်မြင်မှုများကိုလည်း ထည့်သွင်းစဉ်းစားကြ၍ ဆုလက်ခံယူမည့်သူသည် တည်ကြည်သော၊ ဂုဏ်သိက္ခာရှိသောသူဖြစ်ရန်လည်း လိုအပ်သည်ဟု အချို့တက္ကသိုလ်များ၏ စည်းကမ်းများတွင်တွေ့ရှိနိုင်သည်။[4] ရံခါတွင် သက်ဆိုင်ရာနယ်ပယ် (သို့) လူမှုအဖွဲ့အစည်းတစ်ရပ်ကို အကျိုးပြုသော ထင်ရှားသည်သူလည်းဖြစ်နိုင်ပေသည်။[5]
ဂုဏ်ထူးဆောင်ဘွဲ့အများဆုံးရရှိသူသည် ခရစ်ယာန်ဘုန်တော်ကြီး၊ လူမှုအကျိုးဆောင်သူ သီယိုဒေါ ဟဲ့စ်ဘာ့ဂ် (Theodore Hesburgh) ဖြစ်၍ ၎င်း၏ ဘဝတစ်လျှောက် ဂုဏ်ထူးဆောင်ဘွဲ့ပေါင်း (၁၅၀) ရရှိခဲ့သည်။[6]