ချေ၊ (ဂျီ)
သမင်မျိုးစုများ / From Wikipedia, the free encyclopedia
ချေ ကို မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်ဝမ်၊ ဂျားဗားကျွန်း၊ ဆူမတြားကျွန်း၊ ဂျပန်နိုင်ငံတို့တွင် တွေ့ရသည်။ ချေကို ဂျီဟုလည်း ခေါ်ကြသည်။ စာရေးဆရာအချို့က "ဂျီ" ဟုပင် ရေးလေ့ရှိကြသည်။ ဟောက်ကောင်ဟုလည်း ခေါ်သည်။
ချေ (ဂျီ) (Muntjac) Temporal range: en:Miocene to present | |
---|---|
en:Indian muntjac | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
မျိုးရင်း: | Cervidae |
မျိုးရင်းသေး: | Cervinae |
မျိုးဇာတ်: | Muntiacini |
မျိုးစု: | Muntiacus Rafinesque, 1815 |
Geographic range |
ချေသည် သမင်မျိုးဝင် တိရစ္ဆာန်ဖြစ်ပြီး အိမ်မွေးဆိတ်အလတ်စားအရွယ်ခန့်သာ ရှိသည်။ သမင်မျိုးထဲတွင် အ ငယ်ဆုံးမျိုး ဖြစ်သည်။ ထို့ကြောင့် သမင်၊ ဒရယ်၊ ဂျီငယ်၊ စိုင်၊ ဆတ် ဟူသည့် မြန်မာစကားတစ်ရပ်တွင် ချေ (ဂျီ)ကို ချေငယ် (ဂျီငယ်) ဟု "ငယ်" တစ်လုံးဖြင့် နာမဝိသေသနပြု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။
ချေသည် သမင်ထက်ငယ်သော်လည်း အသွင်သဏ္ဌာန်အားဖြင့် သမင်နှင့်ဆင်သည်။ အထူးသဖြင့် ချေ၏မျက်လုံးတို့မှာ သမင်မျက်လုံးများကဲ့သို့ပင် လှပသည်။ အရောင်အသွေးမှာ ယေဘူယျအားဖြင့် နီညိုရောင် ဖြစ်လေသည်။ လည်တံနှင့် ခြေထောက်များမှာ သမင်ထက် တိုသည်။ လွင်ပြင်များတွင် ပြေးလွှားရာ၌ ကျင်လည်စွာ ပြေးနိုင် ခြင်း မရှိသဖြင့် အချိုးအစား ပုံပန်းမကျလှပေ။ သို့သော်လည်း ၎င်းတို့နေထိုင်ရာ တောတန်းများအတွင်းရှိ ချုံများ အကြား ပြေးလွှားရာတွင်မူ ကျင်လည်မြန်ဆန်လှသည်။ လူတို့သည် ချေသားကို ခုံမင်နှစ်သက်စွာ စားလေ့ရှိသည်။ "ချေသားသည် အေး၏။ ကြေလွယ်၏။ ကျင်ကြီး ကျင်ငယ်တို့ကို ခိုင်စေတတ်၏။ ဝမ်းမီးကို တောက်စေတတ်၏။ ချိုဆိမ့်၏။ ဝမ်းမီးချက်ပြီးနောက်လည်း ချိုဆိမ့် ၏။ အနံ့ကောင်း၏။ သန္နိပါတ်နာကို နာ၏" ဟု ယောအတွင်းဝန် ဦးဘိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟကျမ်းတွင် ပါရှိလေသည်။[1]