ချားလ်စ် မန်ဆန်
From Wikipedia, the free encyclopedia
ချားလ်စ်မိုင်းလ်မန်ဆန် (အင်္ဂလိပ်: Charles Milles Manson; né Maddox, ၁၉၃၄ နိုဝင်ဘာ ၁၂ - ၂၀၁၇ နိုဝင်ဘာ ၁၉) သည် အမေရိကန် ရာဇဝတ်သား နှင့် ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သည်။ ၁၉၆၇ နှစ်လယ်တွင် မန်ဆန်မိသားစုဟု လူသိများလာသော ကယ်လီဖိုးနီယားအခြေစိုက် စိတ်တူကိုယ်တူအဖွဲ့ကို တည်ထောင်ခဲ့သည်။ ၁၉၆၉ ဇူလိုင်နှင့် ဩဂုတ်၌ မန်ဆန်၏ နောက်လိုက်များက ကွင်းဆက် လူသတ်မှု ၉ မှုကို နေရာ ၄ နေရာတွင် ကျူးလွန်ခဲ့ကြသည်။ မန်ဆန်နှင့် အခြားပါဝင်သူများအကြား အငြင်းပွားနေဆဲ ဖြစ်သော်လည်း လူမျိုးရေးစစ်ပွဲအား စတင်ရန် အကွက်ချကြံစည်ခဲ့သည်ဟု လော့စ်အန်ဂျလိစ် ကောင်တီ ခရိုင်ရှေ့နေက ဆိုသည်။[3] လူ ၇ ဦးသေဆုံးမှုအတွက် ပထမဒီဂရီ လူသတ်မှုနှင့် လူသတ်ရန် ပူးပေါင်းကြံစည်မှုဖြင့် ၁၉၇၁ တွင် စီရင်ချက်ချခံရသည်။ လူသတ်မှုများအတွက် မန်ဆန်က အတိအလင်း အမိန့်မပေးခဲ့ဟု တရားရုံးက လက်ခံခဲ့သော်လည်း သူ၏ အတွေးအခေါ်က ပေါ်ပေါ်ထင်ထင်ပူးပေါင်းကြံစည်မှုမြောက်သည်ဟု ၎င်းတို့က ချေပခဲ့သည်။[4] ဂယ်ရီဟင်းမန်းနှင့် ဒေါ်နယ်ရှီးယားတို့ သေဆုံးမှုအတွက် ပထမဒီဂရီလူသတ်မှုအဖြစ် မန်ဆန် စီရင်ချက်ချခံရသည်။
ချားလ်(စ်)မန်ဆန် | |
---|---|
မန်ဆန်ကို ကော်ကိုရန် ပြည်နယ်အကျဉ်းထောင်တွင် ၂၀၁၇ ဩဂုတ်လက တွေ့ရစဉ်။ | |
မွေးဖွား | ချားလ်စ်မိုင်းလ်မက်ဒေါ့စ် (၁၉၃၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၁၂)နိုဝင်ဘာ ၁၂၊ ၁၉၃၄ စင်စနက်တီ, အိုဟိုင်းယိုးပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
ကွယ်လွန် | နိုဝင်ဘာ ၁၉၊ ၂၀၁၇(၂၀၁၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၁၉) (အသက် ၈၃) ဘေ့ကာစ်ဖီးလ်(ဒ်)၊ ကယ်လီဖိုးနီးယား၊ အမေရိကန်ပြည်ထောင်စု |
ကျော်ကြားမှုအရင်းခံ | မန်ဆန်မိသားစု လူသတ်သမားများ၊ တိတ် လူသတ်သမားများ |
အရပ် | ၅ ft ၂ in (၁.၅၇ m)[1] သို့ ၅ ft ၆ in (၁.၆၈ m)[2] depending on source |
ရာဇဝတ်မှု | လူသတ်မှု၊ လျှို့ဝှက်ကြံစည်မှု |
ရာဇဝတ်ပြစ်ဒဏ် | သေဒဏ် (ကယ်လီဖိုးနီးယား၌ သေဒဏ်ဖျက်သိမ်းပြီးသည့်နောက် ခြေချုပ်နှင့်တသက်တကျွန်း ပြောင်းလဲကျခံဖွယ်ရာရှိ) |
အိမ်ထောင်ဖက်(များ) |
|
သားသမီး | ၂ ဦး (၁ ဦး အဆိုရှိ) |
မိဘ(များ) |
|
လုပ်ဖော်ကိုင်ဖက်(များ) | ဆူဇန်အက်တ်ကင်း(စ်)၊ မာရီဘရူးနာ နှင့် တက်စ်ဝက်ဆန် အပါအဝင် မန်ဆန်မိသားစုဝင်များ |
လက်မှတ် | |
မန်ဆန်မိသားစုတည်ထောင်စဉ်က မန်ဆန်မှာ ပြစ်မှုအမျိုးမျိုးအတွက် စာရိတ္တပြုပြင်ဌာနများ၌ သက်တမ်းတစ်ဝက်ခန့် နေထိုင်ခဲ့ရသော ထောင်ထွက်ဟောင်း အလုပ်လက်မဲ့တစ်ဦးဖြစ်သည်။ လူသတ်မှုများ မဖြစ်ပွားမီက the Beach Boys တည်ထောင်သူ အဖွဲ့ဝင် ဒရမ်မာ ဒန်းနစ်စ်ဝီလ်ဆန်နှင့် ကံအားလျော်စွာ ပေါင်းစည်းမှုမှတဆင့် လော့စ်အန်ဂျလိစ် တေးဂီတနယ်ပယ် အစွန်အဖျား၌ တေးရေးတေးဆိုဖြစ်ခဲ့သည်။ ၁၉၆၈ တွင် ယင်းအဖွဲ့က မန်ဆန်၏ သီချင်း "Cease to Exist" ကို "Never Learn Not to Love" ဟု အမည်ပြောင်းပြီး ဘီခြမ်းလုံးချင်းတေး အဖြစ် ထည့်သွင်းခဲ့သော်လည်း မန်ဆန်အား အမည်တပ်ဖော်ပြခြင်းမရှိခဲ့ပေ။
ဘီတဲလ်စ် အဖွဲ့ အထူးသဖြင့် ("ဝှိုက်အယ်လ်ဘမ်" ဟုလည်း လူသိကြ) သော ၁၉၆၈ ထုတ် နားဆင်သူအလိုကျ ခေါင်းစဉ်တပ်နိုင်သည့်အယ်လ်ဘမ်အား စွဲလမ်းနေခဲ့သည်ဟု လော့စ်အန်းဂျလိစ် ခရိုင်ရှေ့နေက ပြောကြားသည်။ အဖွဲ့၏ တေးစာသားအား မိမိသဘောဖြင့်မိမိ အဓိပ္ပာယ်ကောက်ကာ ကျရောက်လုဆဲ ကမ္ဘာပျက်မည့် လူမျိုးရေးစစ်ပွဲအား ဖော်ညွှန်းရန် "Helter Skelter" ဆိုသည့် အသုံးကို မွေးစားခဲ့သည်။ မန်ဆန်နှင့် သူ၏နောက်လိုက်များဖြစ်သော အမျိုးသမီးငယ်များက ဤကဲ့သို့လူသတ်မှုများကျူးလွန်ခြင်းက ထိုစစ်ပွဲလျင်လျင်မြန်မြန်စတင်မည်ဟု ယုံကြည်ကြကြောင်း အစိုးရရှေ့နေက တရားခွင်၌ ထွက်ဆိုသည်။ မန်ဆန်၏ သူငယ်ချင်း ဘော့ဘီဘိုဆောလေး အပြစ်မှ လွတ်စေရန် ကြံစည်၍ တိတ်-လာဘီယန်ကာ လူသတ်မှုများအား ပုံတူကူးကျခဲ့ခြင်းဟု အခြားကာလပေါ်တွေ့ဆုံမေးမြန်းခန်းများနှင့် မန်ဆန်၏ ရှေးဦးပြစ်မှုများအတွက် ဒဏ်ငွေချမှတ်သည့် တရားခွင်၌ ထွက်ဆိုသူများက ခိုင်ခိုင်မာမာပြောဆိုသည်။[5][6]
မန်ဆန်၏ နာမည်ဆိုးစတင်ကျော်ကြားချိန်ကပင် သူနှင့်ဆက်နွယ်သည့် ပေါ့ယဉ်ကျေးမှုထွန်းကားလာပြီး ရူးသွပ်မှု၊ အကြမ်းဖက်မှု နှင့် အော့နှလုံးနာဖွယ်ရာတို့၏ ပြယုဂ်ဖြစ်လာခဲ့လေသည်။ သူကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စွဲချက်တင်ခံရပြီးနောက် သူရေးသားတင်ဆက်ထားသော တေးသံသွင်းသီချင်းများကို ထုတ်ဝေခဲ့ရာ Lie: The Love and Terror Cult (၁၉၇၀) မှာ ဦးဆုံးဖြစ်သည်။ အချို့သီချင်းများကို တေးသံရှင်များစွာက သီဆိုခဲ့သည်။ မန်ဆန်အား မူလက သေဒဏ်ချမှတ်ခဲ့သော်လည်း ကယ်လီဖိုးနီးယားအထက်တရားရုံးက ၁၉၇၂ ၌ ပြည်နယ်တွင်းသေဒဏ် ပြဋ္ဌာန်းချက်အား ဖျက်သိမ်းလိုက်သည့်အတွက် ခံဝန်ချက်ရနိုင်သည့် ထောင်ဒဏ်တစ်သက်အဖြစ် ပြောင်းသွားသည်။ ကော်ကိုရန်ရှိ ကယ်လီဖိုးနီးယား ပြည်နယ်အကျဉ်းထောင်တွင်း ထောင်ဒဏ်တစ်သက်ကျခံခဲ့ပြီး ၂၀၁၇ နှောင်းပိုင်း အသက် ၈၃ နှစ်တွင် သေဆုံးသည်။