ချစ်သူများနေ့
ဖေဖော်ဝါရီလ၁၄ရက်နေ့တွင်ကျင်းပသောအားလပ်ရက် / From Wikipedia, the free encyclopedia
စိန့်ဗယ်လင်န်တိုင်းနေ့ သို့မဟုတ် စိန့်ဗယ်လင်န်တိုင်းပွဲတော်နေ့ ဟုခေါ်ကြသော ဗယ်လင်န်တိုင်းနေ့[1] သည် နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်ကျင်းပသော အားလပ်ရက်တစ်ခုဖြစ်သည်။ အစကနဦးသည် အနောက်တိုင်းခရစ်ယာန်သာသနာ၏ Valentinus ဟုသော အမည်ပါရှိသော သူတော်စင်များ (တစ်ယောက် (သို့) တစ်ယောက်ထက်ပိုသော)ကို ဝတ်ပြုခြင်းဖြစ်ပြီး လူအများသိသော ယဉ်ကျေးမှုတစ်ရပ်နှင့် စီးပွားရေးသဘောတရားအရ ကျင်းပသော အောက်မေ့ဖွယ်အဖြစ် ကမ္ဘာတစ်ဝန်းရှိ ဒေသများတွင် ကျင်းပကြသည်။ သို့သော် မည်သည့်နိုင်ငံမှ တရားဝင် အားလပ်ရက်အဖြစ် သတ်မှတ်မထားချေ။
နှောင်းပိုင်းတွင် ခရစ်ယာန်အာဇာနည်မှတ်တမ်း[2] ၌ ထည့်သွင်းခဲ့သော ဖေဖော်ဝါရီလ ၁၄ ရက်နေ့နှင့်ဆက်နွယ်နေသော ဗယ်လင်တိုင်းအမည်ဖြင့် အခြားအခြားသော သူတော်စင်များ၏ ခရစ်ယာန်အာဇာနည်ဇာတ်လမ်းများထဲတွင် ရောမအင်ပါယာ၌ ခရစ်ယာန်သာသနာဖိနှိပ်ခံရစဉ်က ခရစ်ယာန်များကို စောင့်ရှောက်ပြီး လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်ခံရသော စစ်သားတို့ကို ထိမ်းမြားလက်ထက်ပေးခဲ့သဖြင့် ထောင်သွင်းအကျဉ်းချခံရသော ရောမမှ စိန့်ဗယ်လင်န်တိုင်း အမည်ရှိ သူတော်စင်တစ်ပါး၏ ချီးမွမ်းစာလည်းပါဝင်သည်။[3] ဒဏ္ဍာရီများအလိုအရ အကျဉ်းချခံနေရစဉ်တွင် စိန့်ဗယ်လင်န်တိုင်းသည် ထောင်မှူး Asterius ၏ သမီးအား ကုသပေးခဲ့ပြီးနောက်[4] ကွပ်မျက်ခြင်းမခံရမီတွင် သူမအတွက် ရေးသားခဲ့သော နှုတ်ဆက်စာတွင် "Your Valentine" ဟု လက်မှတ်ရေးထိုးခဲ့သည်ဟု ဆိုသည်။[5]
စိန့်ဗယ်လင်န်တိုင်းနေ့သည် အင်ဂလီကန်ဘုရားကျောင်းတော်[6]နှင့် လူသာရန်ဘုရားကျောင်းတော်[7] (ပရိုတက်စတင့်)တို့အတွက် တရားဝင်ပွဲတော်နေ့ဖြစ်သည်။ အရှေ့ပိုင်း အော်သိုဒေါ့ဘုရားကျောင်းတော်၏ ဒေသအများအပြားတွင်လည်း စိန့်ဗယ်လင်န်တိုင်းနေ့ကို ကျင်းပကြသည်။ သို့သော် ဇူလိုင်လ ၆ ရက်နှင့် ဇူလိုင်လ ၃၀ ရက်နေ့တွင်ဖြစ်ပြီး ပထမနေ့သည် ရောမ ဘုန်းတော်ကြီး စိန့်ဗယ်လင်န်တိုင်းအား ဂုဏ်ပြုသောအားဖြင့် ဖြစ်ပြီး ဒုတိယမြောက်နေ့စွဲသည် သာသနာ့အာဇာနည် ဗယ်လင်န်တိုင်း(the Bishop of Interamna (modern Terni))အား ဂုဏ်ပြုသောအားဖြင့် ဖြစ်သည်။ [8]