ခေတ်ဦးပုဂံပြည်
ပုဂံကို သမုဒ္ဓရာဇ်မင်း(သရေခေတ္တရာမင်းဆက်မှဆင်းသက်လာသောမင်း)သည်အေဒီ၁၀၇တွင် ယုန်လွှတ်ကျွန / From Wikipedia, the free encyclopedia
ခေတ်ဦးပုဂံပြည်သည် ၁၁ ရာစုအလယ်ပိုင်း ပုဂံပြည်ကိုမချဲ့ထွင်မီ ခရစ်နှစ် ပထမထောင်စုနှစ်တွင် တည်ရှိခဲ့သော နိုင်ငံဖြစ်သည်။ မြန်မာရာဇဝင်ကျမ်းများအရ ပုဂံမင်းဆက် ၅၅ ဆက်ရှိပြီး အေဒီ ၂ ရာစု၌ပင် ပုဂံပြည်ကို တည်ထောင်ခဲ့ကြသည်ဟုဆိုကြသည်။
အချက်တိုများ Early Kingdom of Bagan ခေတ်ဦးပုဂံပြည်, လက်ရှိအခြေအနေ ...
Early Kingdom of Bagan ခေတ်ဦးပုဂံပြည် | |
---|---|
လက်ရှိအခြေအနေ | မြို့ပြနိုင်ငံ |
မြို့တော် | အရိမဒ္ဒနာ၊ သီရိပစ္စယာ၊ တမ္ပဝတီ၊ ပုဂံ |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ၊ နတ်ကိုးကွယ်မှု၊ ဟိန္ဒူဘာသာ |
အစိုးရ | ဘုရင်စနစ် |
တည်ထောင် | |
• တည်ထောင် | ၁၀၇ |
• သီရိပစ္စယာ | ၃၄၄–၅၁၆ |
• တမ္ပဝတီ | ၅၁၆–၈၄၆ |
• သက္ကရာဇ်ဖြို | ၆၄၀ |
ပိတ်ရန်
ရေဒီယိုကာဗွန်တိုင်းတာမှုများအရ ပုဂံဒေသတွင် အစောဆုံးလူသားအခြေချနေထိုင်မှုမှာ ၇ ရာစုအလယ်ပိုင်း၌သာ စတင်ကြောင်းဖော်ပြသည်။ သုတေသနလောကတွင် အများလက်ခံထားသည်မှာ ပုဂံပြည်ကို အေဒီ ၉ ရာစုအလယ်ပိုင်း၌သာ စတင်တည်ထောင်ခဲ့သည် ဟူ၍ဖြစ်သည်။