ခန္ဓာထိခိုက်ရေးမိုင်း
From Wikipedia, the free encyclopedia
ခန္ဓာထိခိုက်ရေး မိုင်း(တနည်း လူထိမိုင်း)များသည် လူကို ထိခိုက်စေဖို့ ထုတ်လုပ်ထားသည့် မိုင်းဖြစ်ပြီး ယာဉ်များကို ထိခိုက်ဖို့အတွက် ဒီဇိုင်းထုတ်သည့် တင့်ကားတိုက်ဖျက်ရေးမိုင်းများနှင့် ကွဲပြားသည်။ ခန္ဓာထိခိုက်ရေး မိုင်းများကို မီးလျှံပေါက်ကွဲထွက်သည့် မိုင်းများ သို့မဟုတ် အပိုင်းအစကြဲထွက်သည့် မိုင်းများ စသော အတန်းအစားများတွင် ထည့်၍ သတ်မှတ်နိုင်သည် ၊ ခုန်ထွက်မိုင်းကိုတော့ ဒုတိယမြောက် အတန်းအစားထဲ သတ်မှတ်ချင် သတ်မှတ်ကြလိမ့်မည်။
မိုင်းများကို ရန်သူတပ်ဖွဲ့များမှ ထောက်ပံ့ပို့ဆောင်ရေး(များသောအားဖြင့် ဆေးဘက်ဆိုင်ရာအထောက်အပံ့)များကို ပိုမိုလိုအပ်လာစေရန်အတွက် နင်းမိသူများကို သတ်နိုင်ရန် မဟုတ်ဘဲ အနာတရ ရစေရန် စီမံထားသည်။ လူထိမိုင်းများသည် သံချပ်ကာယာဉ်များ၏ ဘီးပတ်ချိန်းကြိုးကြီးများ သို့မဟုတ် ဘီးယာဉ်များ၏ တာယာများကိုလည်း ပျက်စီးစေနိုင်သည်။
၁၉၉၇ခုနှစ်က မြေမြှုပ်မိုင်းများတားဆီးရန်အပြည်ပြည်ဆိုင်ရာကင်ပိန်းတွင် မိုင်းဗုံးလောက အထွတ်အထိပ် ရောက်လာခြင်းကို ပိတ်ပင်တားမြစ်ဖို့ အောတဝါ(Ottawa) သဘောတူစာချုပ်ဖြင့် ကြိုးပမ်းခဲ့သည်။ သို့သော် ယင်းသဘောတူစာချုပ်ကို အမေရိကန်ပြည်ထောင်စု၊ အစ္စရေး ၊ ရုရှား ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ပါကစ်စတန်နှင့် အိန္ဒိယတို့အပါအဝင် နိုင်ငံတချို့က လက်ခံခြင်း မရှိသေးပါ။