ကွိုင်းယုတ်
မြောက်အမေရိကမျိုးရင်း ခွေးအနွယ်ဝင် မျိုးစိတ်များ / From Wikipedia, the free encyclopedia
ကွိုင်းယုတ် (အင်္ဂလိပ်: Coyote) (ကယိုတီဟုလည်း ခေါ်) ကို အမေရိကန် ခွေးအ သို့မဟုတ် ပရေရီဝံပုလွေ ဟုလည်း ခေါ်ဆိုကြသည်။ ခွေးမျိုးရင်းဝင်ဖြစ်ပြီး မြောက်အမေရိက နှင့် အလယ်အမေရိက တလျှောက်တွင် တွေ့ရသည်။ တောင်ဘက် ပနားမားနိုင်ငံမှစ၍ မက္ကဆီကိုနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံများတွင် တွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အလက်စကာပြည်နယ် အထိတွေ့ရလေ့ ရှိပြီး ကနေဒါနိုင်ငံတွင် မြောက်ဘက်ဆုံးအပိုင်းမှလွဲ၍ တခြားနေရာများတွင် တွေ့ရသည်။
အချက်တိုများ ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း, မျိုးရိုးခွဲခြားခြင်း ...
ကွိုင်ယုတ် (en: Coyote) | |
---|---|
တောင်ပေါ် ကွိုင်ယုတ် (C. l. lestes) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Carnivora |
မျိုးရင်း: | Canidae |
မျိုးဇာတ်သေး: | Canina |
မျိုးစု: | Canis |
မျိုးစိတ်: | C. latrans |
ဒွိနာမ | |
Canis latrans | |
Modern range of Canis latrans | |
Synonyms[4] | |
စာရင်း
|
ပိတ်ရန်
လက်ရှိတွင် မျိုးကွဲပေါင်း ၁၉ မျိုးကို တွေ့ရပြီး ၁၆ မျိုးကို ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် တွေ့ရကာ ၃ မျိုးကို အလယ်အမေရိက တွင် တွေ့ရသည်။ မီးခိုးရောင်မြေခွေးများကဲ့သို့ ယူရေးရှားဘက်မှ ဆင်းသက်လာခြင်း မဟုတ်ပဲ မြောက်အမေရိကတွင် လွန်ခဲ့သော နှစ်ပေါင်း ၁.၈၁ သန်း ခန့်က ပေါ်ထွန်းလာသည်ဟု ယူဆရသည်။