ကျော်စွာနတ်
From Wikipedia, the free encyclopedia
မင်းကျော်စွာနတ် (၉၆-၁၁၆)နှင့်စပ်လျဉ်း၍ ကျော်စွာ (၅) ဦးရှိနေသည်။
- ပုဂံ သိန်းခွန်၏ သား
- ပုဂံ တရုတ်ပြေးမင်း၏ သား၊
- အလောင်းစည်သူမင်း (၄ရ၄-၅၂၉) ၏ အမတ်တစ်ဦး၊ ပုပ္ပါး အရက်သည်မ ရိုက်သတ်၍ အနိစ္စရောက်ခဲ့သူ ကျော်စွာ၊
- အင်းဝခေတ် ငါးစီးရှင်၏ သား ကျော်စွာ၊
- အင်းဝ ပထမ မင်းခေါင် (ခေါ်) မင်းဆွေ၏ သားကြီး မင်းရဲကျော်စွာ ဟူ၍၎င်း ဖြစ်သည်။ [1]
ပထမအဆို၌ အစ်ကိုစည်သူကသတ်၍ သေသည်ဟူ၍လည်းကောင်း၊ ဒုတိယအဆို၌ ပုပ္ပါးသူအရက်သည် မဘို့မယ်နှင့်အကြောင်းပါသည်။ ကြက်၊ အရက်၊ ပွဲများနှင့်သာ ပျော်ပါးနေ၍ သေသည်ဟူ၍လည်းကောင်း၊ တတိယအဆိုအရ မွန်တို့နှင့်တိုက်ရသော ဒလစစ်ပွဲတွင်ကျဆုံးသည်ဟူ၍လည်းကောင်း ဆိုလေသည်။ နတ်ရုပ်မှာမြင်းစီးလျှက် ယာလက်ကကြိမ်ကိုင်၍ ဝဲလက်ကမြင်းဇက်ကို ကိုင်ထားသည်။ သျှောင်ထုံးနှင့် ထုလုပ်ရသည်။[2] ယနေ့ခေတ်တွင် ကိုကြီးကျော်ဟု လူသိများသည်။