ကော့စတာရီကာနိုင်ငံ
From Wikipedia, the free encyclopedia
ကော့စတာရီကာ (Costa Rica) နိုင်ငံ၏ တရားဝင်အမည်မှာ ကော့စတာရီကာသမ္မတနိုင်ငံ ဖြစ်သည်။ ဗဟိုအမေရိကတွင် တည်ရှိသည်။ မြောက်ဘက်တွင် နီကာရာဂွါနိုင်ငံ၊ တောင်ဘက်နှင့်အရှေ့ဘက်တွင် ပနားမားနိုင်ငံ၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ၊ အရှေ့ဘက်တွင် ကာရစ်ဘီယံ ပင်လယ် တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။
ကော့စတာရီကာ သမ္မတနိုင်ငံ | |
---|---|
ဆောင်ပုဒ်: "Long live work and peace" | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဆန့်ဟိုဆေးမြို့ 9°56′N 84°5′W |
ရုံးသုံး ဘာသာစကားများ | စပိန် |
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများ | |
လူမျိုးစု (၂၀၁၁[1]) | |
ကိုးကွယ်မှု |
|
Demonym |
|
အစိုးရ | ပြည်ထောင်စု သမ္မတ ဖွဲ့စည်းပုံ သမ္မတနိုင်ငံစနစ် |
• သမ္မတ | ကာလို့စ် အာဗာရာဒို ကွေ့ဆာဒါ |
• ဒုသမ္မတ-၁ | အက်စီ ကမ်ဘဲလ် ဘာရ် |
• ဒုသမ္မတ-၂ | မာဗင် ယိုဒရီကွေ့ ကော်ဒေဒို |
ဥပဒေပြုလွှတ်တော် | ဥပဒေပြုလွှတ်တော် |
လွတ်လပ်ရေးကြေညာခဲ့ | |
• စပိန်နိုင်ငံမှ | ၁၈၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက် |
၁၈၂၃ ခုနှစ် ဇူလိုင်လ ၁ ရက် | |
၁၈၃၈ ခုနှစ် နိုဝင်ဘာ ၁၄ ရက် | |
• စပိန်နိုင်ငံမှ အသိအမှတ်ပြုခဲ့ | ၁၈၅၀ ခုနှစ် မေ ၁၀ ရက် |
• ဖွဲ့စည်းပုံအခြေခံဥပဒေ | ၁၉၄၉ ခုနှစ် နိုဝင်ဘာ ၇ ရက်[1] |
ဧရိယာ | |
• စုစုပေါင်း | ၅၁,၁၀၀ km2 (၁၉,၇၀၀ sq mi) (အဆင့်: ၁၂၆) |
• ရေထု (%) | ၁.၀၅ (၂၀၁၅ ခုနှစ်အရ)[3] |
လူဦးရေ | |
• ၂၀၂၀ ခန့်မှန်း | ၅,၀၉၄,၁၁၈[4] (အဆင့် - ၁၂၃) |
• သိပ်သည်းမှု | ၂၂၀/sq mi (၈၄.၉/km2) (အဆင့် - ၁၀၇) |
GDP (PPP) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | $၉၅.၇၉၁ ဘီလီယံ[5] |
• Per capita | $၁၈,၆၅၁[5] |
GDP (nominal) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | $၆၅.၁၇၉ billion[5] |
• Per capita | $၁၂,၆၉၀[5] |
Gini (၂၀၂၀) | ၄၉.၇[6] မြင့် |
HDI (၂၀၁၉) | ၀.၈၁၀[7] အလွန်မြင့် · ၆၂ |
ငွေကြေး | ကော့စတာရီကာ ကိုလွန် (CRC) |
အချိန်ဇုန် | CST (UTC−6) |
ယာဉ်ကြောစနစ် | ညာ |
တယ်လီဖုန်းကုဒ် | +၅၀၆ |
Internet TLD | .cr .co.cr |
ချမ်းသာသောကမ်းရိုးတန်း ဟုအမည်ရသော ကောစတာရီကာသည် ၎င်း၏ စစ်တပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၄၉ မှစ၍ တရားဝင် ဖျက်သိမ်းခဲ့သည်။ [8][9][10] ရှေးဦးဒီမိုကရေစီနိုင်ငံ(၂၂)နိုင်ငံစာရင်း တွင်ပါဝင်သော တစ်ခုတည်းသော လက်တင်အမေရိက နိုင်ငံတစ်ခုဖြစ်သည်။ [11] လက်တင်အမေရိကနိုင်ငံများထဲတွင် လူသားဖွံ့ဖြိုးမှုညွှန်းကိန်း ပုံမှန်မြင့်မားသောတိုင်းပြည်ဖြစ်သည်။ ယူအင်န်ဒီပီ ၏ ၂၀၁၀ခုနှစ် စစ်တမ်းအရ ကမ္ဘာ့အဆင့် (၆၂)ဖြစ်သည်။ [12] ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းမှုညွှန်းကိန်းအဆင့် အနေဖြင့် ၂၀၁၀ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ အဆင့်(၃)၊ အမေရိကနိုင်ငံများထဲတွင် အဆင့်(၁) ဖြစ်သည်။ [13]
၂၀၀၇ခုနှစ်တွင် ကော့စတာရီကာအစိုးရက ၂၀၂၁ခုနှစ်အရောက်တွင် ကမ္ဘာ့ပထမဆုံး ကာဗွန်မဲ့တိုင်းပြည် အဖြစ် ဖြစ်လာရန် အစီအစဉ်ချမှတ် ဆောင်ရွက်လျက် ရှိသည်။ [14][15][16] နယူးအီကော်နောမစ် ဖောင်ဒေးရှင်း ၏ အဆိုအရ ကော့စတာရီကာသည် ပျော်ရွင်မှုညွှန်းကိန်း အရ အဆင့်(၁) ဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အကောင်းဆုံး တိုင်းပြည် ဖြစ်သည်။ [17]