ကူဂါ
From Wikipedia, the free encyclopedia
ကူဂါ (အင်္ဂလိပ်: Cougar) ဆိုသည်မှာ ကြောင်မျိုးရင်းဝင် သားရဲတိရစ္ဆာန်တစ်မျိုးဖြစ်ပြီး အမေရိကတိုက်၏ ဒေသရင်း မျိုးစိတ်လည်းဖြစ်သည်။ ကူဂါကြောင်ကြီးများသည် အနောက်ကမ္ဘာခြမ်းရှိ မည်သည့် ကုန်းနေ နို့တိုက်သတ္တဝါ တောရိုင်းတိရစ္ဆာန်ထက်မဆို အများဆုံးပျံ့နှံ့နေထိုင်သည့် တိရစ္ဆာန်ဖြစ်ပြီး ၎င်းတို့အား မြောက်အမေရိကတိုက်ရှိ ကနေဒါနိုင်ငံ၊ ယူးကွန်းနယ်ဒေသမှ တောင်အမေရိကတိုက်ရှိ အင်န်ဒီးစ် တောင်တန်း၏ တောင်ပိုင်းဒေသများအထိ ဖြန့်ကျက်တွေ့ရှိရသည်။[3]
ကူဂါ (အင်္ဂလိပ်: Cougar) | |
---|---|
အမေရိကန်ပြည်ထောင်စု၊ ဂလေးရှား အမျိုးသားဥယျာဉ်မှ မြောက်အမေရိကန် ကူဂါတစ်ကောင် | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Carnivora |
Suborder: | Feliformia |
မျိုးရင်း: | Felidae |
မျိုးရင်းသေး: | Felinae |
မျိုးစု: | Puma |
မျိုးစိတ်: | P. concolor |
ဒွိနာမ | |
Puma concolor (လင်းနီးယပ်, ၁၇၇၁)[2] | |
မျိုးစိတ် ခွဲ | |
ကူဂါများ နေထိုင်ကျက်စားရာ နယ်မြေဒေသများ |
ဂူဂါသည် သစ်ကျုတ်၊ လျင့်ဇ် ကြောင်မြီးတို၊ အိမ်ကြောင်၊ သစ်ကြောင်၊ ကရကယ် တောကြောင်တို့နှင့်အတူ မျိုးရင်းခွဲ "ဖယ်လီနီ (Felinae)" ထဲတွင်ပါဝင်ပြီး၊ မျိုးစုအမည် "ပူမာ (Puma)" နှင့် မျိုးစိတ်အမည်မှာ "ပူမာ ကွန်ကာလာ (P. concolor)" ဖြစ်သည်။[2]
ကူဂါသည် နေရာဒေသကျယ်ပြန့်စွာ နေထိုင်ကျက်စားသောကြောင့် နေရာဒေသအသီးသီးမှ ၎င်းအား "ပူမာ (Puma)၊ တောင်ခြင်္သေ့ (Moutain lion)၊ တောင်ကြောင် (Catamount)၊ ပန်သာ (Panther) နှင့် ပိန့်သာ (Painter)" စသဖြင့် အမည်အမျိုးမျိုး ခေါ်ဝေါ်ကြသည်။[3]