ကိုမိုရေကန်
From Wikipedia, the free encyclopedia
ကိုမိုရေကန် သည် အီတလီနိုင်ငံ၊ လွန်ဘာဒီတွင် တည်ရှိသည့် ရေကန်တစ်ခု ဖြစ်သည်။ အီတလီနိုင်ငံတွင် တတိယမြောက်အကြီးဆုံး ရေကန် ဖြစ်သည်။ ဧရိယာ ၁၄၆ စတုရန်းကီလိုမီတာ (၅၆ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ဤရေကန်ထက် ပိုမိုကြီးမားသည့် ရေကန်နှစ်ခုမှာ ဂါဒရေကန် (Lake Garda) နှင့် မက်ဂီအိုရီရေကန် (Lake Maggiore) တို့ ဖြစ်သည်။ ရေကန်၏ အနက်မှာ မီတာ ၄၀၀ ကျော် (၁၃၀၀ ပေ) နက်ပြီး ဥရောပတွင် အနက်ဆုံးသောများများထဲမှ တစ်ခုလည်း ဖြစ်သည်။ ကန်၏ အောက်ခြေမျက်နှာပြင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၀၀ မီတာ (၆၆၀ ပေ) အထက်တွင် တည်ရှိသည်။
Lake Como အီတလီ: Lago di Como လက်တင်: Larius Lacus | |
---|---|
Panoramic view of Lake Como with the Alps and Bellagio | |
တည်နေရာ | Lombardy, Italy |
ကိုဩဒိနိတ် | 46°00′N 9°16′E |
ပင်မ ရေဝင်စီးကြောင်း | Adda River, Mera River |
ပင်မ ရေထွက်စီးကြောင်း | Adda River |
ရေစုဝေးရာ နေရာ | ၄,၅၀၉ km2 (၁,၇၄၁ sq mi)[1] |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | Italy, Switzerland |
အကျယ်ဆုံး အလျား | ၄၆ km (၂၉ mi) |
အကျယ်ဆုံး အနံ | ၄.၅ km (၂.၈ mi) |
မျက်နှာပြင် ဧရိယာ | ၁၄၆ km2 (၅၆ sq mi) |
ပျမ်းမျှအနက် | ၁၅၄ m (၅၀၅ ft)[1] |
အနက်ဆုံး အနက်အရှိုင်း | ၄၂၅ m (၁,၃၉၄ ft) |
ရေထုထည် | ၂၂.၅ km3 (၁၈,၂၀၀,၀၀၀ acre·ft) |
Residence time | 5.5 years[1] |
ကမ်းခြေအလျား၁ | ၁၆၀ km (၉၉ mi) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁၉၈ m (၆၅၀ ft)[1] |
ကျွန်းများ | Isola Comacina |
အနီးရှိမြို့များ | Como, Lecco (see section) |
ရည်ညွှန်းကိုးကား | [1] |
၁ ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။ |
ကိုမိုရေကန်ဆီသို့ အနုပညာနှင့်သက်ဆိုင်သည့် သူများ၊ အထင်ကရပုဂ္ဂိုလ်များ စသည်တို့ လာရောက်ကြပြီး ထင်ရှားသည့် ခရီးသွားများကို ဆွဲဆောင်ထားနိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်။ ထို့ပြင် ထိုဒေသ၌ များစွာသော လွင်ပြင်ဒေသများဖြစ်သည့် Olmo, Serbelloni နှင့် Carlotta စသည်တို့လည်း ရှိသည်။ ကိုမိုရေကန်၏ ကမ်းခြေတွင် ထင်ရှားကျော်ကြားသူများ၏ နေအိမ်များ တည်ရှိသည်။
ထင်ရှားသည့် ဝိသေသလက္ခဏာတစ်ခုမှာ "Y" ပုံသဏ္ဌာန် တည်ရှိခြင်း ဖြစ်သည်။ ထိုပုံစံကို “Larian တြိဂံ” ပုံစံဟုလည်း ခေါ်ဆိုကြသည်။ ထို့အပြင် မြို့ငယ်ကလေးဖြစ်သည့် ကန်ဇို (Canzo) သည် ထိုဒေသ၏ မြို့တော်အဖြစ် တည်ရှိနေသည်။
၂၀၁၄ ခုနှစ်တွင် Huffington Post သည် ထိုရေကန်ကို ကမ္ဘာ့အလှပဆုံးသော ကန်ဖြစ်သည်ဟု ပြောခဲ့သည်။[2]