ကယ်လစ်ပါ
From Wikipedia, the free encyclopedia
ကယ်လစ်ပါ (အင်္ဂလိပ်: caliper or calliper) သည် အရာဝတ္ထုများ၏ အရွယ်အစားကို တိုင်းတာသည့် ကိရိယာဖြစ်၏ ။ ကယ်လစ်ပါအမျိုးအစားများစွာရှိပြီး ဒီဂျစ်တယ်၊ ဒိုင်ခွက်၊ ပေတံ (အပြိုင်မျဉ်းတိုများဖြင့် သတ်မှတ်ထားသောတိုင်းတာမှုပုံစံ) စနစ်များဖြင့် တိုင်းတာဖတ်ရှုမှုလုပ်နိုင်သည်။ အချို့သောကယ်လစ်ပါများသည် ကွန်ပါ (ထောက်ချွန်ကဲ့သို့) အရာဝတ္ထု၏ အတွင်းပိုင်း (သို့) အပြင်ပိုင်းကို တိုင်းတာနိုင်သော်လည်း တိုင်းတာသည့်အမှတ် (စကေး) ပါဝင်မှုမရှိကြချေ။ ကယ်လစ်ပါ၏ ထိပ်အချွန်များကို တိုင်းတာမည့်အမှတ်နေရာများကို အံဝင်ခွင်ကျဖြစ်စေရန် ချိန်ညှိပေးနိုင်ပြီး ထိုရရှိလာသော ရလဒ်ကို ပေတံကဲ့သို့သော အမှတ်သားရှိ ပစ္စည်းများပေါ်တွင် တင်၍ ဖတ်ရှုနိုင်သည်။
ဤပစ္စည်းများကို စက်မှုအင်ဂျင်နီယာ ဘာသာရပ်၊ သံ၊ သတ္တုထည်များ၊ သစ်တောလုပ်ငန်း၊ သစ်သားလုပ်ငန်း၊ သိပ္ပံနှင့် ဆေးပညာတို့တွင် အသုံးချနိုင်သည်။